စာစဉ် ၁၀ ( ၉ + ၁၀ )
10.2K 1.1K 5
Book.              :   10
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၉။ လက်မလျှော့ဘူး
အကြိမ်ပေါင်းမြောက်မြားစွာ ဖြတ်အပြောခံနေရသည့် ယန်ကျန်းယန် ကိုယ်တိုင်သည်ပင် ကောင်းဖန် ဖွင့်ချလိုက်သည့် ဒီသတင်းအကြီးစား ကြောင့် လုံးဝအတိ ဘာမှမပြောနိုင်ဖြစ်သွားရတော့လေသည်။
စက္ကန့်အနည်းငယ်လောက် ကြာပြီးမှသာ၊ သူ မြန်မြန်ဆန်ဆန် အသိပြန်ဝင်သွားနိုင်ခဲ့တော့ပြီး ကောင်းဖန်အား အော်ဟစ်ပစ် လိုက်ပါတော့၏။ “ကြီးမြတ်လှပါသော သတင်းထောက် ကောင်း၊ ကျွန်တော်တို့တွေက ပြောသမျှကို သက်သေပြပေးကြရမယ်လေ။ မင်းရဲ့စကားတွေနဲ့တင် တစ်ယောက်ယောက်ကို အကြီးကြီးနာမည်ဖျက် ပစ်ပြီးတော့ သူ့ရဲ့ဘ၀ကို လုံးဝရေတိမ်နစ်သွားအောင် မင်းလုပ်နေတာပဲ။ မင်းက သတင်းထောက်တစ်ယောက်ကို မဟုတ်တော့ဘူး။
မင်းက စွပ်စွဲရေးသမားပဲ”
ကျောက်တရုန်၊ ဒါသည် ကွန်ဖရင့်ကျင်းပနေသည်ကို အမှတ်ရသွား မိတော့လေရာ။ သူကိုယ့်သူ တည်ငြိမ်အောင်လုပ်လိုက်တော့ပြီး ပြောလိုက်ပါတော့၏။ “အဲဒီက သတင်းထောက်၊ ခင်ဗျားမှာ ဘာသက်သေ ရှိပါသလဲ။ ခင်ဗျား ဘယ်လိုလုပ်ပြီးတော့ တစ်ယောက်ယောက်ကို ဒီလိုမျိုး ချောက်ချနိုင်ရတာပါလဲခင်ဗျ”
ကောင်းဖန်ကား သူတို့ရဲ့မေးခွန်းတွေအတွက် ကြိုတင်ပြင်
ဆင်ထားခဲ့ဟန် တူလေသည်။ သူ တီးတိုး ဆိုလာပါ၏။
“ကျွတ်စ်၊ ခင်ဗျားက သက်သေလိုချင်တယ်လား။ ကျောက်တရုန်။ ခင်ဗျား အဲဒါကို မြင်ပြီးသွားရင်တော့ မငိုဖို့ မျှော်လင့်ပါတယ်”
ကောင်းဖန်၊ ပြောပြီးသွားသည်နှင့်၊
ဖန်သားပြင်အကြီးကြီးပေါ်တွင် ပုံတစ်ပုံပေါ်ထွက်လာပါပြီ။
ပုံထဲတွင်ကား။ ကလေးမငယ်လေးတစ်ယောက်။
သူမလေးသည်ကား ပင်တီလေးသာ ၀တ်ဆင်ထားလျက် ။ ကြည့်ရသည်မှာ ရေချိုးခန်းမှ ထွက်လာဟန်ပင်။ သူမလေးကြည့်ရသည်မှာ ကင်မရာအရှေ့တွင် အလွန်စိတ်လှုပ်ရှားနေလေဟန်။