စာစဉ် ၁၀ ( ၁၁ + ၁၂ )
10.6K 1.1K 10
Book.              :   10
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၁၁။ အလှည့်အပြောင်း
ရှေ့တွင်ပင် ရှိနေသည့်ဒီသက်သေအထောက်အထားတို့နှင့် ရင်ဆိုင် လိုက်ရချိန်တွင်တော့၊ ကျောက်တရုန်သည် သူ့ရဲ့လုပ်ရပ်တွေအတွက် နောင်တရလေခြင်းမရှိသည့်အပြင်ကို နေရာမှာပင် သတင်းထောက် တစ်ယောက်အား ထုထောင်းရိုက်ပုတ်ပစ်လာလေရာ လူတိုင်းရဲ့ဒေါသ တို့ကို ဟိုးကောင်းကင်ယံထိတိုင် ပျံတက်သွားစေတော့လေပြီ။
လိုက်ဖ်ကို ကြည့်ရှုကြသူနှုန်းထားမှာ စံချိန်နှုန်းကို ချိုးသွားသည့်အပြင် ကို လိုက်ဖ်ပေါ်က ကွန်မန့်တို့သည်လည်း တစ်ခုပြီးနောက်တစ်ခုဖြင့် မုန်တိုင်းထန်လို့်နေလေပြီ။
“၀ိုး။ ငါ့ရဲ့သုံးဖက်အမြင်တွေ လုံးဝကို အလှည့်စားခံလိုက်ရတာပဲ။ ဒီအယုတ်တမာကောင်ကြီးက ဒီလောက်အချိန်တွေအကြာကြီးကိုပဲ ငါတို့ကို ညာထားခဲ့တာပါလား”
“ကိုယ့်ရဲ့သမီးအရင်းကိုတောင်မှ ဒီလိုမျိုး လုပ်ရက်တယ်ဆိုတော့
သူက ဘယ်လိုအယုတ်တမာကောင်ကြီးလဲဟ”
“သူကတော့ ၀က်တစ်ကောင်ထက် ပိုဆိုးတဲ့သတောင်းစားသာသာ လုပ်ရပ်တွေ လုပ်ထားပြီးတော့ ဟန်ရှန်းယွီကိုများ အယုတ်တမာလေး ဘာလေးနဲ့ ခေါ်လိုက်သေးတယ်။ မွန်းစတားကြီးပဲ”
ကျိန်ဆဲပြောဆိုကြပြီးသည့်နောက်တွင်၊ အင်တာနက်သုံးကြသူတွေ အားလုံး နောက်ထပ်သော ဖြစ်နိုင်ချေတစ်ခုကို တွေးမိလာကြတော့ လေသည်….
“ငါတို့တွေက အဲဒီအတိုင်းမရှိ အသည်းနှလုံးမဲ့ပြီးတော့
လူစိတ်မရှိတဲ့ ခွေးသတောင်းစားကောင် ပြောထားခဲ့သမျှကို ယုံကြည်ခဲ့မိကြတာပါလားနော်။ ဘုရား ဘုရား။ ဟန်ရှန်းယွီ၊
ဟန်ရှန်းယွီ တကယ်ကြီး ချောက်ချခံခဲ့ရတာများ ဖြစ်နေမလား”
“လုံးဝကို ဖြစ်နိုင်တယ်”
“သောက်ကျိုးနဲ။ ငါတို့ရဲ့ရှန်းယွီက အစကတည်းက ချောက်ချခံခဲ့ရတာ အသိသာကြီးပါနော် ၊ ဟုတ်ပီလား။ သူတို့တွေက အားနည်းပြီး ဆင်းရဲ နေတာကြောင့်နဲ့ နင်တို့တွေအားလုံး အမှန်တရားကို မရှာတော့ဘဲ သူတို့ ဘက်ကနေ ရပ်တည်ပေးလိုက်ကြပြီးတော့ တခြားတစ်ဘက်ကိုကျတော့ ပြောဖို့ အခွင့်အရေးလေးတစ်ခုတောင်မှ မပေးခဲ့ကြတာမို့လို့ပဲဟ -- ငါတို့တွေ တစ်ခုခုကို ပြောလိုက်တာနဲ့ ငါတို့ ဦးနှောက်တွေ ပျက်ဆီးကုန် ကြပြီလို့ နင်တို့တွေ ပြောနေခဲ့ကြတာလေ။ အခုတော့ ဘယ်သူကမှ အရှက်မရှိတဲ့သူတွေလဲဆိုတာကို နင်တို့တွေ သိကြပြီလား၊ ဟမ်”