စာစဉ် ၁၀ ( ၁၃ + ၁၄ )
10.6K 1K 4
Book.              :   10
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၁၃။ ဒီလိုမျိုး နည်းဗျူဟာ
ကျောက်တရုန်သည် စိတ်ခံစားချက်တို့ မတည်ငြိမ်နိုင်ဖြစ်နေလေ သည်မို့၊ ကွန်ဖရင့်သည် နေရာမှာပင် အဆုံးသတ်လိုက်ရပါတော့၏။
အင်ပါရီယာမြို့တော် ဂရန်းဟော်တယ်၏၀င်ပေါက်သည်ကား ။ သတင်းထောက်တို့ဖြင့် ၀ိုင်းအုံဖွဲ့လို့နေကြလေရာ ဦးကြီးကျောက် နှင့် ဒေါ်ကြီးကျောက်တို့သည် ရှေ့သို့ ခြေတစ်လှမ်းမျှပင် တိုးမပေါက် ဖြစ်လို့နေကြတော့ရင်း။
“ဦးကြီး ကျောက်၊ ခင်ဗျားက ခင်ဗျားရဲ့သမီးအရင်းအပေါ်မှာ လိင်အကြမ်းဖက်စော်ကားခဲ့တယ်ဆိုတဲ့အပေါ် ခင်ဗျားမှာ
ပြောစရာများ ရှိပါသလားခင်ဗျာ”
“သခင်မကြီး ကျောက် ရော၊ ဒီအကြောင်းကို သိထားပါသလားရှင့်”
“ခင်ဗျားတို့ရဲ့သမီးအပြင်ကို ခင်ဗျား တခြားကလေးလေးတွေကိုရော အဲ့ဒါ လုပ်ခဲ့ပါသလား”
သူတို့အနားမှ စလိုက်မီးကြီးတွေနဲ့ ရူးသွပ်နေကြသည့် သတင်းထောက်တွေရဲ့ အဆက်မပြတ် တတွတ်တွတ်နဲ့
စကားနာထိုး မေးမြန်းနေကြလေသည့် မေးခွန်းတို့ရယ်၊ တိုးဝှေ့လို့နေကြသည့် လူအုပ်ကြီးတို့ကြောင့် ၊ ကျောက်တရုန် အတော်လေးပင် မူးဝေလို့လာချေပြီ။ သူသည် ကင်မရာ တော်တော်များများကိုပင် ကျော်ခွတိုက်ချမိသွားသည်ထိပင်။
လီချောင်ဟုန်းသည်ကတော့ သူမ ဘာကိုမှ မသိပါဘူးဟုသာ ဆက်တိုက်ပြောဆိုလို့နေလျက်။
အဲဒီရုန့်ရင်းကြမ်းတမ်းလှသည့် မေးခွန်းတို့ကို ကြားနေရသည့်အခါ၊ ကျောက်တရုန် ဒေါသထွက်လွန်းမက ထွက်သွားတော့ချေပြီး သူ့ရဲ့အဆုတ်တို့ပင် ပေါက်ကျလုနီးနီး။ “အဓိပ္ပာယ်မရှိလိုက်တာ။ ချောက်ချခံရတာပါ။ အကွက်ချခံရတာပါဗျ။ အဲဒီသတင်းထောက်က ကျွန်တော့်ကို အကွက်ဆင်သွားတာပါ။ ကျွန်တော်က မုဒိန်းကောင် မဟုတ်ဘူး။ ပြီးတော့လည်း ဒီလိုအရာမျိုးကို ကျွန်တော့်ရဲ့သမီးလေး အပေါ် ဘယ်တော့မှကို လုပ်မှာမဟုတ်ဘူး။ ခင်ဗျားတို့ သတင်းထောက် တွေအားလုံး စဉ်းစားဥာဏ်မရှိကြတော့ဘူးလား။ ဒီလိုအရာမျိုးကို ဘယ်လိုလုပ်ပြီးတော့ ယုံနေကြရတာလဲ”