စာစဉ် ၁၀ ( ၁၅ + ၁၆ )
10.5K 1.1K 3
Book.              :   10
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၁၅။ သူစိမ်းတစ်ယောက်၏ဖုန်းကောလ်
လီချောင်ဟုန်း၊ တစ်စုံတစ်ခုကို တွေးတောမိသွားလေဟန် တူချေသည်။ သူမ၏ကြောက်စရာကောင်းလှသည့် မျက်လုံးတို့သည် လင်းလက်လာ တော့ပြီး သူမ ကျောက်တရုန်အား စိုက်ကြည့်လိုက်တော့ကာ။ “ကျောက်တရုန်။ ရှင် ကျွန်မတို့ရဲ့သမီးကို တကယ်ပဲ အဲ့ဒီလုပ်ရပ်ကို လုပ်ခဲ့သလား”
သူမ ပြောလိုက်သည်ကို ကြားလိုက်ရသည့်နောက်၊ ကျောက်တရုန် ဒေါသတို့ဖြင့် မူးမေ့လဲတော့မတတ် ဖြစ်သွားရတော့၏။
“မင်း ရူးနေပြီလား။ အဲဒီလူတွေ ပြောနေကြတာကို ဘယ်လိုလုပ်ပြီး တော့ ယုံပစ်နိုင်ရတာလဲ။ လင်းလင်းက ငါ့ရဲ့သမီးပါကွ။ ငါ စိတ်တိုလို့ သူမကို ရိုက်ချင်ရိုက်မယ်၊ ဆဲချင်ဆဲမယ်။ ဒီိလိုရွံစရာကောင်းတဲ့အရာမျိုး ကိုတော့ ငါ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးကွ”
“ရှင် လုပ်လား မလုပ်ဘူးလားဆိုတာကို ကျွန်မ ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ။ ကျွန်မတို့ရဲ့သမီးကို စော်ကားခဲ့ပါတယ်ဆိုပြီး ဟန်ရှန်းယွီကို ချောက်ချဖို့ ဥာဏ်နီဥာဏ်နက်တွေ ထွက်လာတာက ရှင်ပဲ မဟုတ်ဘူး လား။ အခု ရှင် ကျွန်မကို ညာပြောနေတာမဟုတ်ဘူးလို့ ကျွန်မ ဘယ်လို လုပ်ပြီတော့ ယုံပေးလို့ရမလဲရှင့်။ ရှင်က ဘာမဆို လုပ်နိုင်တာပဲ မဟုတ်ဘူးလား”
“မင်း၊ တုံးအနေတဲ့ မိန်းမပဲ။ ဒီအကြံကို မင်းလဲပဲ သဘောတူခဲ့တာပဲ။ အခုကျမှ အပြစ်တွေအကုန်လုံးကို ငါ့အပေါ် လာပုံချနေတယ်”
ကျောက်တရုန်ရဲ့ခေါင်းတစ်ခေါင်းလုံး သူ့မိန်းမနဲ့ ရန်ပွဲအကြီးကြီးကြောင့် အုံထိုးလို့နေချေပြီ။ ဒီအခိုက်။ သူ့ဖုန်းသည် နောက်ထပ်တစ်ဖန် မြည်လာပြန်လေရာ ။
ကျောက်တရုန်၊ ရူးသွားတော့မည့်အလားနှယ် ခံစားလိုက်ရပါတော့၏။ သူသည် ဖုန်းကို ကောက်ကိုင်လိုက်တော့ပြီး တစ်ဖက်မှလူအား စတင်ငေါက်ငမ်းလိုက်တော့လေ၏။ “ထွက်သွားစမ်း။ ငါ့ဆီကနေ ထွက်သွား။ နောက်တစ်ခါ ငါ့ဆီ ထပ်ခေါ်ရင် မင်းကို သတ်ပစ်မယ်”