စာစဉ် ၁၀ ( ၁၇ + ၁၈ )
10.6K 1.1K 5
Book. : 10
Chapter. : 17 + 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၁၇။ မိန်းမတစ်ယောက်လား
တစ်ခုသော အဆင့်မြင့်တိုက်ခန်းတစ်ခုတွင်။
ကျောက်တရုန်သည် အမှန်တရားကို ထုတ်ပြောပြလာပြီး တောင်းပန်စကားဆိုလိုက်သည်နှင့်။ အစပိုင်းတွင် စိုးရိမ်စိတ်တို့ လွှမ်းခြုံနေလေသည့် ဖေးယန် ၊ မြန်မြန်ဆန်ဆန်ပင် ကဆုန်ပေါက် ထခုန်မိချေတော့ပြီး ပြောလာတော့လေသည်။ "သူက ၇ ရက်အတွင်း ဖြေရှင်းပေးမယ်ဆိုပြီးတော့ ပြောသွားခဲ့တာ။ တကယ်ကို ၇ ရက်ပဲကွ။ ပိုလည်းမပိုဘူး။ လိုလည်းမလိုဘူး။ အံ့သြစရာပဲကွာ။ ရီ ပိုင် က မင်းရဲ့ဖြူစင်မှုကို ဘယ်လိုသက်သေပြလိမ့်မလဲလို့ ငါ တွေးကြည့်လို့ မရခဲ့ဘူး။ သူက ကျောက်တရုန်ကိုယ်တိုင်ကိုပဲ အမှန်တရားကို ထုတ်ပြောလာစေမယ်လို့ ဘယ်သူက စဉ်းစားမိပါ့မလဲ။ နောင်ဆိုရင် ပြသနာဖြစ်မှာနဲ့ပတ်သက်ပြီး မင်း စိတ်ပူစရာမလိုတော့ဘူး"
"ဒီတစ်ခေါက် ငါတို့တွေ ကျော်လွှားပစ်နိုင်ခဲ့ပြီ။ ဘုတ်အစည်းအဝေးမှာ တုန်းက မင်း သူ့ကို ယုံကြည်ပေးခဲ့တာ မှန်သွားတာပဲ"
"ကျိုးဝမ်ဘင်း၊ အဲဒီခွေးသတောင်းစားကောင်ကြီး၊ သူက မင်းကို ကျရှုံးသွားဖို့ကို ကျိတ်မျှော်လင့်နေတာ။ အဲဒါမှပဲ သူ မွေးထားတဲ့ သရုပ်ဆောင်ကို ကုမ္ပဏီက မြေတောင်မြှောက်ပေးမှာကိုး။ အခုတော့ သူ ကြက်ကြီး ချီးမှန်ထားတဲ့ရုပ်ဖြစ်နေပြီလားဆိုတာကို ငါ ကြည့်ကြည့်စမ်းဦးမယ်...."
ဖေးယန်၊ အဆက်မပြတ် နှုတ်တတွတ်တွတ် ပြောဆိုနေရင်းကနေ ဟန်ရှန်းယွီသည် မျက်မှောင်ရှုံ့လို့ သူ့ဖုန်းအား စိုက်ကြည့်နေသည်ကို မြင်လိုက်ပါတော့၏။ သူ့အား ခေါ်အော်လိုက်တော့သည် ။ "ရှန်းယွီ....ရှန်းယွီ။ မင်း ဘာတွေများ တွေးနေတာလဲ။ မင်း မြင်လား။ ကျောက်တရုန်က မင်းကို အားလုံးရှေ့မှာ တောင်းပန်လိုက်ပြီ"
"မြင်ပါတယ်" ဟန်ရှန်းယွီ၊ သူ့ရဲ့ဖုန်းကိုပင် ဆက်လက်အာရုံစိုက်လို့နေဆဲ။