စာစဉ် ၁၀ ( ၁၉ + ၂၀ )
10.8K 1.1K 3
Book.              :   10
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၁၉။ ကြိုက်ရာလူကို ရွေးယူလိုက်ပါ
ရီဝမ်ဝမ်၏မျက်နှာသည်ကား ခံစားချက်တို့ကို ထုတ်ဖော်ပြသခြင်း မရှိသလို သူမနှုတ်ခမ်းထောင့်စွန်းတို့သည်လည်း လှုပ်လှုပ်ရှားရှားတို့ ဖြစ်သွားခဲ့ခြင်း မရှိပါချေ။
သူမသည် ဒီချူဟုန်ဂွမ်းမှာ ဒီလောက်ရက်ရက်ရောရောကြီးဖြင့် သူ့ကတိတို့ကို တည်ပေးနိုင်လိမ့်မည်မဟုတ်ဘူးဆိုသည်ကို သိနေလေသည့်အလား။
ဒါပေမယ့်….
အဲ့တော့ရော ဘာဖြစ်သလဲ။
ချူဟုန်ဂွမ်း၊ ရီဝမ်ဝမ်၏မျက်နှာထက်တွင် အပြောင်းအလဲကြီးတစ်ခုကို မြင်တွေ့ရဖို့ရာ မျှော်လင့်ထားပါသော်လည်း သူ မြင်တွေ့နေရသည်ကား ဒေါသ သို့မဟုတ် မပျော်ရွင်အလိုမကျမှုတို့ တစ်စိုးတစ်စိမျှ ရှိမနေ လေခြင်းသာ။ ဒါကို ထူးဆန်းစွာ တွေ့မြင်နေရပါသော်ငြားလည်း၊ သူ့ရဲ့မျက်နှာထက်တွင်တော့ ရိုးသားသည့်အကြည့်တို့ကိုသာ ထိန်းသိမ်း ထားပြီး ပြောလာပါ၏။ “စိုးရိမ်မနေပါနဲ့ဗျာ။ ကျွန်တော့်ဘက်ကနေ စာချုပ်ကို ပြင်တောင်ပြင်ထားပြီးနေပါပြီ။ ဒီအိမ်ရာကြီးက မင်းအတွက်ပါပဲ”
ရီဝမ်ဝမ်၊ မျက်ခုံးမျက်လုံးတို့ မြင့်တက်သွားမိချေတော့လေသည်။ သူမရဲ့နှုတ်ခမ်းတို့မှာလည်း အထက်သို့ကွေးတက်သွားကာ သူမ၏ ခန့်ထည်သည့်မျက်ဝန်းတို့သည် ဖြည်းဖြည်းချင်းဖြင့်ပင် ချူးဟုန်ဂွမ်း ၏ဟန်ဆောင်မျက်နှာကြီးကို တည့်တည့်စိုက်ကြည့်လာပါတော့၏။ “ဒါဖြင့်လည်း ကျေးဇူးအများကြီးတင်ရတော့မှာပါ၊ ဥက္ကဌ ချူး”
ချူးဟုန်ဂွမ်း၊ ရီဝမ်ဝမ်စိတ်ထဲ ဘာတွေဖြစ်နေပြီလဲဆိုတာ မသိပါသော် ငြား နှစ်ပေါင်းများစွာရှိလာခဲ့သည့် အတွေ့အကြုံတို့အရ သူသည် သူ့ရဲ့အတွေးတို့ကို စိတ်ထဲတွင်သာ ထိန်းသိမ်းထားပစ်နိုင်ခဲ့လေသည်။ သူ တည်ငြိမ်ချင်ဟန်ဆောင်လိုက်ကာ ပြုံးပြလိုက်တော့ပြီး၊ နောက် စာချုပ်ကို သူ့မ၏အရှေ့သို့ ပို့ပေးလိုက်ပါတော့၏။ “မင်းနဲ့သင့်တော်တဲ့ရာထူးတစ်နေရာအတွက်ကိုလည်း စီစဉ်ထားပြီးပါပြီ။ ကြည့်ကြည့်လိုက်ပါဦး။ အားလုံး အိုကေတယ်ဆိုရင် ဒီနေ့ပဲ လက်မှတ် ထိုးပြီး စာချုပ်ချုပ်လိုက်ကြတာပေါ့”