စာစဉ် ၁၁ ( ၁ + ၂ )
11K 1.2K 63
Book.              :   11
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၁။ မင်းတို့ရဲ့သူဌေးက အကျပ်ရိုက်အောင်လုပ်နေလို့
ချူးဟုန်ဂွမ်းသည် ရီပိုင်၏ရည်ရွယ်ချက်တို့ လမ်းစချော်သွားပြီး ဒီလိုအမှားမျိုးကို လုပ်မိသွားစေလိုခြင်းဖြစ်လေရာ ၊ ဒီတော့ အောင်မြင်သွားခဲ့လေပြီမို့ သူ့အား ဖြားယောင်းနေခြင်းကို ရပ်တန့်လိုက်ပါတော့၏။ သူ့ဖောင်တိန်ကို ထုတ်ယူလိုက်ကာ စာချုပ်ပေါ်တွင် လက်မှတ်ထိုးပေးလိုက်တော့ပြီး ။
“ကောင်းပြီ၊ အခု ဒီလူကို မင်း ပိုင်သွားပြီ။ ဒါကို ယူလိုက်။  လွှဲပြောင်းမယ့်ကိစ္စအတွက် ၀မ်ဘင်းဆီကို ယူသွားပြလိုက်။
မင်း သွားလို့ရပါပြီ”
ရီဝမ်ဝမ်သည်လည်း  စာချုပ်တွင် လက်မှတ်ထိုးလိုက်ပါ၏။
“ကျေးဇူးပါ၊ ဥက္ကဌ ချူး”
“မင်းရဲ့ရုံးခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ လူလွှတ်ထားပြီးပြီ။ ၀န်ထမ်းအိမ်ရာမှာ မင်း ထိပ်တန်းဝန်ဆောင်မှုတွေနဲ့လည်းပဲ နေရစေမယ်ဗျာ။ မင်း ဒီနေ့ပဲ သွားကြည့်ကြည့်ုလိုက်လို့ရတယ်။ စိတ်အလိုမကျတာတွေ ရှိရင် ကျွန်တော့်ကို ပြောသာပြောလိုက်”
ချူးဟုန်ဂွမ်း၊ သူ့ရဲ့ဘီယာဗိုက်ကြီးကို ပွတ်သပ်လိုက်ပြီး ပြုံးလျက် ။ ရီဝမ်ဝမ်ရဲ့အရှေ့ သော့တွဲတစ်ခု ချပေးလိုက်ပါတော့၏။ “ဟားဟား၊
ရီပိုင်၊ အကောင်းဆုံးကြိုးစားကွာ။ ကျွန်တော်က မင်းကို အမြင့်ကြီးကို မှန်းထားတာ”
ရီဝမ်ဝမ်၊ သော့ကို ယူကြည့်လိုက်လေရာ၊ ရွှေရောင်ထွင်းထားသည့်စာလုံးတို့ကို
မြင်လိုက်ရပါတော့၏။
ဂရန်းဗျူးအိမ်ရာ....
ဒီနေရာတွင်တော့ ချူးဟုန်ဂွမ်းသည်ကား သူမကို ကလိမ်ဥာဏ်
ဆင်ထားခြင်း မရှိပါချေ။ ထိုဝန်ထမ်းအိမ်ရာဆိုသည်ကား ကမာ့္ဘအင်တာတိန်းမန့်မှာရှိနေသည့် အကောင်းဆုံးသောအိမ်ရာသာ ဖြစ်ချေသည်။ ထိုနေရာတွင် နာမည်ကျော်မန်နေဂျာများစွာနှင့် ကြယ်ပွင့် များစွာတို့သည် နေထိုင်ခဲ့ကြပါ၏။ ဟန်ရှန်းယွီကိုယ်တိုင်သည်ပင် သူ မအောင်မြင်ခင်တုန်းက အချိန်တစ်ခုကြာအောင် နေထိုင်သွားခဲ့သည် ပင်။