စာစဉ် ၁၁ ( ၃ + ၄ )
10.6K 1.1K 9
Book.              :   11
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၃။ ရှင် နေဖို့အသားမကျမှာ စိုးရိမ်တာ
“ရှင် မသွားဘူးလား”
ရီဝမ်ဝမ်ရဲ့စိုးရိမ်နေသည့် မျက်နှာလေးမှာ
ချက်ချင်းဆိုသလိုပင် တောက်ပထိန်သာသွားရပေပြီ။
“မသွားဘူး”
တစ်စုံတစ်ယောက်သောသူသည် အမူအရာပျက်ယွင်း
သွားခြင်းမရှိလေဘဲ ပြန်ဖြေလာခြင်းပါတည်း။
“…!”
ရွှီရီ၊ လုံးဝအတိပင် ဆွံ့အသွားရတော့လေပြီ။
သခင်လေး၊ ဘယ်လိုများ ဒီလိုမျိုး လုပ်ရက်ရတာလဲဗျာ။
ကျွန်တော် ဘယ်တုန်းကများ နိုင်ငံခြားသွားမယ်လို့ ဖြစ်သွားရတာလဲ။
သခင်လေးကသာ သွားမယ့်သူမဟုတ်ဘူးလား။
ကျွန်တော် ဒီနေ့ တစ်နှစ်ပြည့်ုခွင့်ရက်ယူဖို့အတွက် သခင်လေးပဲ စောနကတင် ခေါင်းညိတ်ပြခဲ့တာကို မေ့နေပြီလားဗျာ။
ရီဝမ်ဝမ်ရဲ့အခြေအနေကို နားလည်ထားပြီးသား ဖြစ်ပါသည့် ရွှီရီ။ သူ့ရဲ့သခင်မှာ သူမအား အပြင်ဘက်လောကကို လွတ်လွတ်လပ်လပ် ထွက်ခွင့်ပြုလိုက်ပါသော်လည်း၊ သူ့ရဲ့ရည်ရွယ်ချက်မှာ သူမလေးအား ဆင်းရဲဒုက္ခတို့ကို သိရှိနားလည်သွားစေပြီး၊ နောက်၊ သူမရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ သူ့ဆီကို ပြန်ရောက်လာစေဖို့ဆိုသည်ကို သိနားလည်နေ ပါသည့် ရွှီရီ။
သူ့ရဲ့သခင်သည် သူမလေးအား အပြင်ကို ထွက်ခွင့်ပြုလိုက်ပြီဆိုသည် နှင့်၊ သူမသည် ဒုက္ခတွေ မတွေ့နေရုံတင်သာမက အပြင်မှာ အလည် လွန်နေပြီး သခင်လေးရဲ့ထိန်းချုပ်မှုအောက်ကနေ ပိုပိုပြီးပင် လွတ်လွတ် လာလိမ့်မည်ဟုတော့ ဘယ်သူ သိပါလိမ့်မည်နည်း။ သူမသည် ထပ်ပြီး ထပ်ပြီး ပုန်းကွယ်ပျောက်နိုင်ဖို့ရာ အခွင့်အလမ်းတို့ ရှာနေလေသည် ဖြစ်လေရာ၊ သူ့ရဲ့သခင် ဘယ်လိုလုပ်ပြီးတော့ ဒေါသမထွက်ဘဲ နေနိုင်ပါလိမ့်မည်နည်း။
အစဦးတွင်တော့ သူ တွေးထားခဲ့မိသည်ကား၊ သူ့သခင်ရဲ့ဒေါသတို့သည် ဒီတစ်ကြိမ်တွင်တော့ အကြာကြီးကြာအောင်ခံလိမ့်မည်တည်းဟု။ သို့သော်၊ ဒီမိန်းမသည် သူ့ရဲ့သခင်လေးကိုပါ တစ်ပါတည်း ခေါ်သွားချင်သည်ဟု ဆိုလာသည်နှင့် အခြေအနေသည် ကပြောင်းကပြန်ဖြစ်သွားရချေပြီ……