စာစဉ် ၁၁ ( ၅ + ၆ )
10.5K 1.1K 12
Book.              :   11
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၅။ ကောင်မလေးတစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးမယ်
တစ်စက္ကန့် ကုန်ဆုံးသွားသည်။
နှစ်စက္ကန့်ကုန်သွားသည်။
သုံးစက္ကန့်ကုန်သွားသည်….
စီရီဟန်၏အေးစက်စက်အကြည့်တို့သည်
ဟန်ရှန်းယွီဆီမှာ တစ်ခနလောက် တန့်ရပ်သွားပြီး၊
နောက်ဆုံးတွင် အမူအ၇ာမပြဘဲ စကားဆိုလာချေ၏။
“မင်္ဂလာပါ”
ဟန်ရှန်းယွီ အသာအယာခေါင်းညိတ်ပြလိုက်ပြီး။ “မင်္ဂလာပါ”
ဒီကောင်ရဲ့ကိုယ်ရောင်ကိုယ်ဝါက အရမ်းကြီးကို သြဇာပါလွန်းနေတာပဲ။ သူ ကြည့်လိုက်တဲ့အကြည့်တစ်ချက်က ငါ့ကို ဒူးချောင်သွားစေမလား ပဲ….
ဟန်ရှန်းယွီ၊ ရီဝမ်ဝမ်ကို ကြည့်လိုက်ပြီး မေးလိုက်ပါသည်။ “မင်းရဲ့သူငယ်ချင်း…လည်းပဲ သရုပ်ဆောင်ပဲလား”
စီရီဟန် ဒေါသမပေါက်ကွဲသွားသည်ကို မြင်လိုက်ရလေရာမှ
ရီဝမ်ဝမ် သက်ပြင်းတို့ချလိုက်မိတော့ပြီး ပြန်ဖြေလိုက်ပါ၏။
“သူက မဟုတ်ဘူးဗျ။ စီးပွားရေးသမားပါ”
အခုမှ အရာရာ ဆီလျော်မှုရှိသွားလေသည့်နှယ်၊
ဟန်ရှန်းယွီ ခေါင်းတို့ တညိတ်ညိတ်လုပ်တော့ကာ ။
အင်း၊ ဟုတ်သားပဲ။ သူသာ သရုပ်ဆောင်ဆိုရင်၊ သူ့ရဲ့အမိုက်စား ရုပ်ရည်နဲ့တင်ကို ၀က်ဝက်ကွဲအောင်မြင်နေလောက်ပြီ။ ငါ သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးနေစရာလည်း ဘာအကြောင်းမှ မရှိဘူး။
ဧည့်သည်တော် ဟန်ရှန်းယွီကို ဧည့်ဝတ်ကျေပွန်ဖို့ ကြိုးစားနေပါသည့် ရီဝမ်ဝမ်၊ ပြောလိုက်ပါ၏။ “ကိုယ့်အိမ်လိုပဲ သဘောထားနော်။ ကျွန်တော်က အခုလေးမှ ဒီကို ပြောင်းလာတာဆိုတော့ ဘာမှ နေရာမချထားရသေးဘူးဗျာ။ ဒီနေရာတစ်ဝိုက်မှာ နဲနဲလေးတော့ ရှုပ်ပွနေတယ်။ ဘာသောက်မလဲ။ ကျွန်တော့်မှာ ရေနွေးတော့ရှိတယ်။ လက်ဖက်ခြောက်များ ရှိမလားမသိဘူး သွားကြည့်လိုက်ဦးမယ်…”