စာစဉ် ၁၁ ( ၇ + ၈ )
10.5K 1.2K 20
Book.              :   11
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၇။ အရမ်းကို တင်းကျပ်ထားတာပဲလား
သူတို့သုံးယောက်သား ၊ စားပွဲပေါ်တွင် ကိုယ်စီထိုင်လိုက်ကြပါပြီ။ ဟန်ရှန်းယွီသည်ကား စားပွဲတစ်ဖက်ခြမ်းတွင် ထိုင်နေပြီး
ရီဝမ်ဝမ်နှင့် စီရီဟန်တို့သည်ကတော့ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြပါ၏။
တစ်ခုခုတော့ လွဲမှားနေသည်ဟု ခံစားမိလိုက်ပါသည့် ဟန်ရှန်းယွီ၊ စကားပြောလာချေပြီ။ “မင်းတို့ ၀ိုင်သောက်ချင်ကြလား။
ကျွန်တော့်ဆီမှာ နှစ်ချို့ဝိုင်တစ်ပုလင်း ရှိတယ်”
သူမ အ၇က်သောက်ခြင်းကို စီရီဟန်ကြီး မကြိုက်ဘူးဆိုသည်ကို သိထားပါသည့် ရီဝမ်ဝမ်။ သူမ အမှတ်တ၇ဖြင့် စီရီဟန်ကို ကြည့်လိုက်မိချေပြီး ပြန်ပြောလာပါ၏။ “ဆောရီးပါဗျာ၊ ကျွန်တော် မသောက်တော့ဘူး။ မင်းတို့နှစ်ယောက်ပဲ သောက်ကြရင်ကော ဘယ်လိုလဲ”
အနည်းငယ် စိတ်ပျက်သွားရပါတော့သည့် ဟန်ရှန်းယွီ၊ သို့သော်ငြား၊ သူသည် ရီဝမ်ဝမ်အား အတင်းအကျပ် တိုက်တွန်းခြင်းတော့ မပြုခဲ့ပါ ချေ။ မျက်နှာချင်းဆိုင်မှာ ထိုင်နေလေသည့် အနှီယောက်ျားဘက်သာ လှည့်လိုက်တော့ပြီး မေးလိုက်ပါတော့၏။ “သခင်လေး စီ၊ သောက်နိုင် လားဗျ”
စီရီဟန်သည်ကား၊ သူ့ရဲ့မျက်နှာထက်တွင် ရေခဲလွှာပါးပါးလေးနှင့် ဖုံးလွှမ်းနေလေသယောင်ယောင်။ တစ်စုံတစ်ခုကို စိတ်ပါခြင်းမရှိ လေသယောင်ယောင်ဖြင့် သူ ပြန်ဖြေလာပါ၏။
“သိပ်မဆိုးပါဘူး”
“ကောင်းသွားပြီ။ ဒါဆို ကျွန်တော် ၀ိုင်သွားယူလိုက်မယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး သောက်ကြတာပေါ့”
အလွန်လျင်မြန်စွာဖြင့်ပင် ဟန်ရှန်းယွီ၊
ဝိုင်နီတစ်ပုလင်းနှင့်အတူ ပြန်ရောက်လာပါ၏။
“ဒီဝိုင်ပုလင်းက ပြင်သစ်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားခဲ့တာဗျ။ ဒါက အရမ်းကို ရဖို့ခက်တာ။
သူ ကျွန်တော့်ကို ပေးလိုက်ကတည်းကပဲ ကျွန်တော် အခုထိကို ဖွင့်ဖောက်မကြည့်ရသေးဘူး။ ရီပိုင်၊ မင်း တကယ်ပဲ မသောက်ကြည့် ချင်ဘူးလား။ ဘာပဲဖြစ်ဖြစ်၊ မင်းက အိမ်မှာပဲဥစ္စာ။ မင်း မူးသွား မယ်ဆိုရင်တောင်မှ ဘာမှမဖြစ်နိုင်ပါဘူးလေ၊ မဟုတ်ဘူးလား” ဟန်ရှန်းယွီ၊ သူမအား ဖြားယောင်းသိမ်းသွင်းနေခြင်းပါတည်း။