စာစဉ် ၁၁ ( ၁၁ + ၁၂ )
10K 1.1K 7
Book. : 11
Chapter. : 11 + 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၁၁။ မန်နေဂျာပြောင်းမယ်
ကျိုးဝမ်ဘင်း ၊ နှာခေါင်းရှုံ့လိုက်ပါ၏။
"ဒီတော့၊ ဘာဖြစ်လဲ။ လျိုချန်း၊ မင်း ဒီလောကထဲမှာ နေလာတာ ဒီလောက်ကြာလှပြီ။ မင်း အပြစ်ကင်းတဲ့ယုန်သူငယ်လေးပါလို့
လာပြီး ပြောမနေစမ်းနဲ့"
"ကျောက်မင်ကိုင် ဘယ်လိုမျိုး အောင်မြင်သွားခဲ့တာလဲ မင်း သိလား။ သူက မင်းထက် ဘယ်မှာမှ သာနေတာမဟုတ်ဘူး။ ဒါပေမယ့်၊ နှစ်ဝက်လောက်လေးနဲ့ ဒုတိယကြယ်ပွင့်တစ်လက် ဖြစ်နေပြီ။ အဲဒါတွေအားလုံးက ကိုယ် သူ့ကို ဥက္ကဌ လျန်း နဲ့ အချိတ်အဆက်လုပ်ပေးထားတာကြောင့်ပဲ"
"မင်းကို မြေတောင်မြှောက်ပေးချင်စိတ် ရှိနေကြသရွေ့ မင်းရဲ့နောက်ကွယ်က ငွေဖြည့်ပေးနေတဲ့သူက ယောက်ျားလား မိန်းမလားဆိုတာကို ဘယ်သူက အရေးတယူနဲ့ ဂရုစိုက်နေမှာလဲ။ မင်းက ကုန်ရွှီလိုမျိုး ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ သူဌေးသားလေး မဟုတ်ဘူးဆိုရင်၊ မင်းရဲ့နောက်မှာက မင်း ကစားသမျှကို လိုက်ရှင်းပေးမယ့် မီလီယံနာအဖေကြီး ရှိမနေဘူးဆိုရင် ။ အဲဒါဆိုရင်တော့ မင်းဘက်ကနေ ဒီလောကရဲ့စည်းမျဉ်းတွေအတိုင်း လိုက်လုပ်မှဖြစ်လိမ့်မယ်ကွ"
လေသံတို့ ပြောင်းလဲသွားချေတော့ပြီး စိတ်ရှည်စွာဖြင့် ဆိုလာပါ
သည့် ကျိုးဝမ်ဘင်း။ "လျိုချန်း၊ အရမ်းကြီး ပြောရမခက်စမ်းပါနဲ့ကွာ။
ငါ ပျော်လို့ ပြီးသွားပြီဆိုတာနဲ့ မင်းအတွက် ငွေထောက်ပံ့ပေးနိုင်မယ့် သူကို မိတ်ဆက်ပေးမှာပေါ့၊ ဒါဆိုရင်...."
လျိုချန်း၊ ထပ်ပြီး သည်းခံနိုင်ခြင်း မရှိချေတော့ပြီ။ သူ့အေ၇ှ့မှာရှိနေသည့် ကော်ဖီအိုးကို ဂွမ်းခနဲ ရိုက်ထုပစ်လိုက်ချေတော့ပြီး လှောင်အိမ်ထဲမှာ လှောင်ပိတ်ခံထားရသည့် သားရဲကြီးပမာ ဟစ်အော်လာတော့ချေသည်။
"တိတ်စမ်း၊ ကျွန်တော် မန်နေဂျာပြောင်းမယ်"
ကြားကြားချင်း၊ ကျိုးဝမ်ဘင်း၊ ဆွံ့အသွားချေတော့ပြီး၊ နောက်၊ ဟာသကြီးတစ်ခု ကြားလိုက်ရလေသည့်အလားနှယ် ၀ါးလုံးကွဲ ထရယ်လာတော့လေသည်။
"ဟား ဟား ဟား...မင်းက မန်နေဂျာပြောင်းမယ် ဟုတ်လား။ ရတာပေါ့၊ ရတာပေါ့။ ရုံးခန်းမှာ စာလာတင်လိုက်လေ။ ကမ္ဘာက ဘယ်သူကများ မင်းကို လိုချင်ဦးမလဲဆိုတာ စောင့်ကြည့်လိုက်စမ်းဦးမယ်"