စာစဉ် ၁၁ ( ၁၅ + ၁၆ )
10K 1K 4
Book.              :   11
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၁၅။ မင်း သူ့နောက် လိုက်ချင်တာ သေချာရဲ့လား
ရီပိုင်သည် သူတို့နှစ်ဦးကြား ကုန်းတိုက်နေခြင်းဆိုသည်ကို
ချူးဟုန်ဂွမ်း သိနေသည်တောင်မှ သူသည် သူ့ရဲ့စကားတို့ကို အလေးအနက်သဘောထားနေတုန်းပါပင်။
ကျိုးဝမ်ဘင်းသည် ယခုတလော ပြိုင်ဘက်ကုမ္ပဏီ ရီ အုပ်စုက လူတွေနဲ့ သီးသန့်လျို့ဝှက်တွေ့ဆုံမှုတို့ လုပ်နေတတ်သည်ဆိုသည်ကို ကြားနေရခြင်းကြောင့်လည်း ပါပေသည်….
ထိုအတွေးတို့ဖြင့် နောက်ဆုံးတွင်တော့၊ ချူးဟုန်ဂွမ်း ပြောလာလေပြီ။
“၀မ်ဘင်း၊ စာချုပ်ကို လွှဲပေးလိုက်။ ဒီကိစ္စကို ငါ ဆုံးဖြတ်ထားပြီးပြီ”
“ဒါပေမယ့်၊ ဥက္ကဌ ချူး….”
ချူးဟုန်ဂွမ်းရဲ့ မျက်နှာ မည်းမှောင်ကျသွားချေပြီ။
“ဘာလဲ။ ငါက အခု သရုပ်ဆောင်တစ်ယောက်ကိုတောင် အလွှဲအပြောင်း မလုပ်ပေးနိုင်တော့ဘူးလား။ မင်း အဲ့ဒါကို သဘောမတူဘူးဆိုရင် ၊ ဒါဖြင့် ကုန်ရွှီကို လွှဲပေးလိုက်”
ဥက္ကဌ ချူး ဒီလိုစကားမျိုး ပြောလာတာဆိုရင်
ဒါ သူ တကယ်ပဲ အထင်လွဲနေတာ ဖြစ်ရမယ်။
“လုပ်ပေးနိုင်ပါတယ် ၊ ဥက္ကဌ ချူး။ ကျွန်တော်က အဲဒီလို ဆိုလိုတာမဟုတ်ပါဘူးဗျာ…ကျွန်တော်…ကျွန်တော် အခုပဲ လုပ်ပေးလိုက်ပါ့မယ်….” ချူးဟုန်ဂွမ်း၏ နောက်ထပ်သံသယ၀င် စိတ်ကွက်ခြင်းကို မခံရစေဖို့ရာ ကျိုးဝမ်ဘင်း၊ ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ခြင်းပင်။
ဒီနောက်၊ ချူးဟုန်ဂွမ်းလည်း ဗွီဒီယိုကောလ် ပြောခြင်းကို ရပ်လိုက်ပါတော့၏။
ကြည့်ရသည်မှာကား ရီပိုင် မှန်နေသလိုလိုတည်းပင်။ ဒက်ဇလင်းသည် ကျိုးဝမ်ဘင်းတစ်ယောက်တည်းနဲ့ အဓိကလည်ပတ်နေနိုင်ခြင်းတည်း ဆိုပါက ဒီအတွက် ဘာမှကောင်းတာတွေ ရှိလာနိုင်မည် မဟုတ်တော့။ ကျိုးဝမ်ဘင်းတွင်သာ မကောင်းသည့် အကြံဥာဏ်ဆိုးတို့ ရှိလာလိမ့်မည် ဆိုပါလျှင် ဒက်ဇလင်းမီဒီယာကြီးတစ်ခုလုံး တိမ်ကောသွားပေလိမ့်မည် ပင်။