စာစဉ် ၁၁ ( ၁၇ + ၁၈ )
9.8K 1.1K 2
Book.              :   11
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၁၇။ ဘာလို့ သူဖြစ်နေရတာလဲ
“လိင်ပါတနာတစ်ယောက်မှ မရှိဘူးလား။ ငါလခွမ်း ဘဒို။ တစ်ညတည်းအပြတ်ခေါ်တွဲတာမျိုးတွေကော”
ရီဝမ်ဝမ်၊ မင်သေသေဖြင့်ပင် ဆက်မေးမြန်းလိုက်ပါ၏။
သူ့မှာ ဘာမှရှိမနေပါက အကောင်းဆုံးပင် ဖြစ်ပါ၏။ သို့သော်၊ သူ့တွင် ရှိခဲ့သည်ဆိုပါလျှင် သူ့ရဲ့အတိတ်အညစ်အကြေးတွေကို အ၇င်ဆုံး ဖြေရှင်းပေးရမည်တည်းမို့ပင်။
ရီဝမ်ဝမ်သည် အရမ်းပင် တည့်တိုးမေးနေလေသည်တည်းမို့၊ လျိုချန်းရဲ့နောက်ကျောပြင်တို့ တောင့်တင်းသွားတော့ပြီး ပေတံတစ်ချောင်းလောက်ထိပင် ဆန့်တန်းမတ်စွာ
ထိုင်မိသွားတော့ရင်း။ “မရှိပါဘူး….”
ဒီနောက်တော့မှ ရီဝမ်ဝမ်ရဲ့မျက်နှာပေါ်က အတည်အတံ့လေးနက် နေမှုတို့သည် အနည်းငယ် ပြယ်လွင့်သွားရတော့လေသည်။ “သိပ်ကောင်းတယ်”
နောက်၊ ထူးမခြားနားစွာပင် သူမ ဆက်မေးမြန်းလိုက်သည်ကား။
“မင်းရဲ့ Weibo အကောင့်ကို အခု ဘယ်သူ ကိုင်နေတာလဲ။ မင်းကိုယ်တိုင် ကိုင်တာလား”
“အစ်ကို ပင်း ပါ”
လျိုချန်း ပြန်ဖြေလိုက်ပါ၏။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ သူ့ရဲ့Weibo မှာ ဘာမှလုပ်ထားတာတွေ မရှိတာ မဆန်းတော့ဘူး။ လုံးဝကို ဘာမှမှ မရှိတာပဲ….
နောက်၊ ရီဝမ်ဝမ် မျက်မှောင်ကြုတ်လိုက်တော့ပြီး ပြောလိုက်ပါ၏။
“ကောင်းပြီ။ အခုကစပြီး ငါပဲ ကိုင်တော့မယ်။ မင်း  အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ မင်းရဲ့ဆိုရှယ်မီဒီယာအကောင့်တွေအားလုံးကို စစ်ကြည့်၊ ပြီးတော့ ဖျက်သင့်တာတွေရှိရင် ဖျက်ထား။ ငါ ပြန်စစ်မယ်”
လျိုချန်း၊ သူမရဲ့အမိန့်တွေကို မလွန်ဆန်စွာ ပြန်ဖြေလာပါ၏။
“ကောင်းပါပြီ”
“အိုး၊ ဟုတ်သားပဲ။ ကုမ္ပဏီက မင်းကို အခြေခံလစာ ပေးထားလား”
ရီဝမ်ဝမ် မေးလိုက်လေသည်။