စာစဉ် ၁၁ ( ၁၉ + ၂၀ )
10.2K 1K 8
Book.              :   11
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၁၊ အခန်း ၁၉။ ရေကူးကန်ပါတီ
ရီဝမ်ဝမ်၊ သူ့မရဲ့အလုပ်သစ်အပေါ် ရင်းနှီးကျွမ်းဝင်လို့နေကာ လွှဲပြောင်းခြင်းကိစ္စအတွက် အလုပ်များလို့နေလေ၏။
သူမ ပြီးသွားသည့်အချိန်တွင်တော့၊ ကောင်းကင်သည် မှောင်အတိဖြစ်နေလေပြီ။
အ၇မ်းကို နောက်ကျနေသည်ကို မြင်လိုက်ရသည့်အချိန်၊
ရီဝမ်ဝမ်၊ အကြောဆန့်တန်းလိုက်တော့ပြီး ဖိုင်တွေကိုသိမ်းကာ အိမ်သို့ပြန်ဖို့၇ာ ပြင်ဆင်တော့လေ၏။
လုပ်စရာတွေ၊ သင်ယူစရာတွေ များစွာ ရှိနေပါသော်ငြားလည်း၊ သူမရဲ့အလုပ်မှ ရနေသည့်ခံစားချက်တို့သည် သူမအား ရှင်သန်မှုကို ပေးစွမ်းလို့နေလေသည်တည့်။
ရီဝမ်ဝမ်၊ ရုံးခန်းမှ ထွက်လာပြီးသည့်နောက်၊ လမ်းလျှောက်လာစဉ်၊ ရုတ်တရက်၊ တစ်စုံတစ်ယောက်သောသူသည် အနောက်ဆီကနေ သူမအား ဟွန်းသံအကျယ်ကြီးပေးလာပါ၏။ မီးခိုးရောင်ပေါ်ချီကားလေးသည် သူမဆီ တသိမ့်သိမ့်ဖြင့် မောင်းလာလေသည်။
ကားပြတင်းပေါက် ချလာပြီး၊ နောက် ကားမောင်းသူနေရာတွင် ချောမောခန့်ညားလှသည့် မျက်နှာတစ်ခု ပေါ်ထွက်လာလေပြီ။
“ရီပိုင်” ကားထဲက ထိုလူသည် သူမအား ခေါ်လာခြင်းပါတည်း။
ရီဝမ်ဝမ်၊ အံ့အားသင့်သွားတော့ပြီး သွားနေရင်းကနေ ရပ်တန့်လိုက်ပါတော့၏။ “ဟန်ရှန်းယွီ”
“ကားပေါ်တက်”
လမ်းမပေါ်မှာ အကြာကြီး ကားရပ်နေဖို့က သူ့အတွက် အဆင်မပြေမှန်း ရီဝမ်ဝမ် သိနေသည်တည်းမို့၊ လျင်မြန်စွာဖြင့်ပင် ဘေးထိုင်ခုံသို့ ၀င်ထိုင် လိုက်ပါတော့၏။
“လမ်းကြုံဖြတ်သွားတာလား”
ဟန်ရှန်းယွီရဲ့မျက်လုံးတို့တွင် နွေးထွေးသည့်အပြုံးတစ်ခု ဖြစ်တည်လာကာ။ “မင်းကို လာစောင့်နေတာ။ ကျိုးဝမ်ဘင်း မင်းကို ခက်ခဲအောင် လုပ်လိုက်သေးလား။ ဒါက မင်းရဲ့ ပထမဆုံးနေ့လေ။
ဘာလို့ အချိန်ပို ဆင်းနေရတာလဲ”