3

1.8K 235 12
                                    

တချို့သူတွေကပြောတယ်ကိုယ့်ကအချစ်ကီးသလို အမျက်လည်ကီးတယ်တဲ့ ရယ်ချင်လိုက်တာ ကလေးရယ်တကယ်​​တော့ ကိုယ့်က ကိုယ့်မပိုင်ဆိုင်ရတဲ့အရာဝတ္ထုကို ဘယ့်သူကိုမှမပိုင်ဆိုင်​​စေချင်တဲ့အချစ်မျိးနဲချစ်တာ ကလေးကတော့ကာက်​​နေရောပေါ့။

White Chrysanthemums

Jimin၏တ​နေ့တာလုပ်​ငန်းသည်​ အလွန်​ငြီး​​ငွေ့ဖွယ်​​ကောင်းလှသည်​။

မနက်​ ၉ နာရီအချိန်​ကျ​ရောက်​ပြီဆိုလျှင်​ ဆိုင်​ဖွင့်​သည်​။

ည ၉ နာရီအချိန်​ကျရင်​ ဆိုင်​ပိတ်​သည်​။

သူရဲ့တ​နေ့တာလုပ်​ငန်းစဉ်​​တွေက ဆိုင်​နဲ့ အိမ်​ အိမ်​နဲ့ဆိုင်​။

တခြားဘယ်​​နေရာဆို ဘယ်​​နေရာမှမသွား။

အသက်​ ၂၆ နှစ်​အရွယ်​တွင်​ ကိုယ်​ပိုင်​ပန်းဆိုင်​​လေး​ဖွင့်​နိုင်​​သော Jiminရဲ့ဝင်​​ငွေ အ​ခြေအ​နေက သိပ်​မဆိုးလှ။

"Jimin​လေး ဆိုင်​ဖွင့်​ပြီလား"

"ဟုတ်​ကဲ့ အဖိုး"

သူဆိုင်​နံ​ဘေးရှိစာအုပ်​အ​ရောင်းဆိုင်​က အဖိုး၏အ​မေးကို ချက်​ချင်းတုန့်​ပြန်​လိုက်​သည်​။

အဖိုးသည်​ အနည်းငယ်​ဝ​ပေမဲ့ ရယ်​လိုက်​ရင်​ က​လေး​လေးနှင့်​တူ​သော အဖိုးကအလွန်​ချစ်​ဖို့​ကောင်း၏။

အခုလည်း သူကို လှမ်းစကား​ပြောရင်းရယ်​ပြ​နေပြန်​သည်​။

မှန်​တံခါးကို လက်​ကိုင်​ပဝါနှင့်​​သေချာ​တောက်​​ပြောင်​​အောင်​ သန့်​ရှင်း​ရေးလုပ်​​နေမိသည်​။

White ChrysanthemumWhere stories live. Discover now