4

1.7K 211 33
                                    

"ခင်​ဗျား ​သေချင်​.."

ရုတ်​တရက်​ပိတ်​နမ်းခံလိုက်​ရ​သော​ကြောင့်​ မျက်​ဝန်းများပြူးကျယ်​သွားကာအံ့သြ​နေမိသည်​။

ဒီလူ သူကိုထပ်​နမ်းလိုက်​ပြန်​တာလား။

အ​ပေါ်တလှည့်​​အောက်​တလှည့်​ သူနှုတ်​ခမ်းသားကိုအငမ်းမရစားသုံး​နေခံရသည့်​တိုင်​ အသိစိတ်​မဝင်​​သေး။

မိနစ်​အနည်းငယ်​မျှကြာပြီးမှသာ ထိုလူ မဟုတ်​ဖူး Taeဆိုတဲ့ နှာဘူး​ကောင်​က သူနှုတ်​ခမ်း​တွေကိုလွတ်​ငြိမ်းချမ်းသာခွင့်​​ပေးလိုက်​တယ်​။

"Ah~~ဒီတခါ​တော့ Babeက ငြိမ်​ခံ​နေသားပဲ"

နှာဘူး​ကောင်​​ပြောမှ ငြိမ်​ခံ​နေတဲ့ကိုယ့်​ကိုကိုယ်​ ​ဒေါသထွက်​မိသည်​။

"ခင်​ဗျားလို့ထပ်​​ခေါ်ရင်​ ထပ်​နမ်းမယ်​"

ခင်​ဗျားလို့​ခေါ်မလို့ကြံ​နေစဉ်​မှာ ရုတ်​တရက်​သတိ​ပေးလာ​သော နှာဘူး​ကောင်​စကား​ကြောင့်​ သူထပ်​မ​ခေါ်ဖြစ်​​တော့။

Taeဆိုတဲ့ ထိုလူနာမည်​ကိုလည်းမ​ခေါ်နိုင်​​ပေ။

"ကိုယ့်​နာမည်​က Kim Taehyung တချိန်​ကမင်းရဲ့ချစ်​သူ ဒါ​ပေမဲ့ကိုယ့်​ကအခုလည်းမင်းရဲ့ချစ်​သူ ​နောင်​လည်း မင်း ရဲ့ ချစ်​ သူ"

တချိန်​က သူရဲ့ချစ်​သူ ဆိုတဲ့စကား​ကြောင့်​ Jimin စိတ်​​တွေရှုပ်​​ထွေး​နေမိသည့်​ကအမှန်​ပင်​။

သေချာတာက​တော့ ဒီလိုဘဝင်​ခိုက်​ပြီးရူးနှမ်းနှမ်း​ကောင်​မျိုးနဲ့မတွဲခဲ့မိတာက​တော့​သေချာသည်​။

နောင်​လည်းမင်းရဲ့ချစ်​သူကို တလုံးချင်းစီဖိ​ပြောလာ​သော Kim Taehyung​ကြောင့်​ သူစိတ်​အဟုန်​သည်​ ​ဒေါသထွက်​လွန်း၍ နှလုံးခုန်​မြန်​လာပြန်​သည်​။

Jiminရဲ့မျက်​နှာကလည်း​ဒေါသ​ကြောင့်​ နီရဲ​နေ​ပေသည်။

White ChrysanthemumWhere stories live. Discover now