စာစဉ် ၁၂ ( ၁ + ၂ )
10.1K 1K 9
Book.              :   12
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၂၊ အခန်း ၁။ ရေသွားမကူးဘူးလား
ငါ့လိုမျိုး ယောက်ျားရင့်မာကြီးက ဘယ်လိုလုပ်ပြီးတော့ မိန်းကလေးတွေသောက်တဲ့ ကော့တေးကို သောက်လို့ဖြစ်နိုင်မှာလဲ ။ ငါ့ရဲ့ရုပ်ရည်နဲ့ဆို အဲဒါက လုံးဝကို အထင်သေးစရာဖြစ်သွားမှာပေါ့ဟ။
“ဒီနှစ်ရက်လောက်တော့ သူမ အနားမှာ မရှိဘူး၊ သောက်လို့ရတယ်” ရီဝမ်ဝမ်၊ စည်းကမ်းတင်းကျပ်ခံထားနေရာကနေ လွတ်လမ်းရသွားသည့် ချစ်သူကောင်လေးတစ်ယောက်နှယ် ပြုမူလိုက်ခြင်းပါတည်း။ သူမသည် ဒီဇာတ်ရုပ်ကို အလွန်ကောင်းမွန်စွာ ပီပီပြင်ပြင် ကစားနိုင်ခဲ့ပါ၏။
ဟန်ရှန်းယွီသည် ယောကျာ်းသားတစ်ယောက်တည်း ဖြစ်လေရာ ၊ ရီဝမ်ဝမ်၏အခုအပြုအမူသည် အလွန်တရာပင် ပုံမှန်ဖြစ်ကြောင်း တွေ့မြင်နေမိသည်တည့်။ ဒီတော့၊ သူ ရယ်မောချလာကာ ပြောလာသည်ကား။ “ဟဟ၊ ဟုတ်သားပဲ။ မင်း လျိုချန်းကို ယူလိုက်တယ်လို့ ငါ ကြားတယ်”
ခေါင်းညိတ်ပြလာလေသည့် ရီဝမ်ဝမ်။
“အင်း”
“ဘာလို့ သူ လဲ”
သူမ အနာဂတ်ကို ကြိုမြင်ထားခြင်းကြောင့်ဟု ရီဝမ်ဝမ်၊
သူ့ကို ထုတ်ပြောပြဖို့ရာကား မဖြစ်နိုင်လေရာ၊
သူမ ရိုးရှင်းစွာဖြင့်ပင် ပြန်ဖြေလိုက်ပါတော့၏။
“သူက မျက်စိပသာဒ ဖြစ်စေတယ်လို့ ပြောရမလားပဲ”
ကျိတ်ရယ်ရယ်လာပါသည့် ဟန်ရှန်းယွီ။
“သူ ချောတယ်လို့ ပြောချင်နေတာလား”
ရီဝမ်ဝမ်၊ ရယ်မောလာလေတော့ပြီး ပုခုံးတို့ တွန့်ပြလိုက်ကာ။
“အဲဒါ မဟုတ်လို့လား။ သူက ကိုယ်တိုင်မြင်နေရရင် ပိုတောင်မှ ကြည့်လို့ကောင်းသေးတယ်။ နိုင်ငံရဲ့ပထမဆုံးအချစ်တော် ပဲလေ”
ပြီးတော့လည်းပဲ၊ လျိုချန်းက ဒီတလော ကံဆိုးနေရုံလောက်ပါပဲ။ သူ့ရဲ့ရုပ်ရည်နဲ့ သူ့ရဲ့အရည်အချင်းက တော်တော်လေးကို တော်တယ်ဟ။