စာစဉ် ၁၂ ( ၃ + ၄ )
9.8K 1.1K 46
Book.              :   12
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၂၊ အခန်း ၃။ မူးပြီ
ဟန်ရှန်းယွီ။ “…”
ရီဝမ်ဝမ်ကား ချောင်ကဲရှင်းကို ကြည့်လို့နေလျက်မှ ၊
အပြုံးတစ်ခုသည် သူမရဲ့မျက်နှာအား ဖြန့်ကျက်လို့လာပါ၏ ။
“မမ ကျွန်တော့်ကို ကြိုက်လား”
ဒီတောက်ပရွှန်းစားသည့် မျက်ဝန်းတစ်စုံကြောင့် ချောင်ကဲရှင်း၏နှလုံးသားလေး ချက်ချင်းဆိုသလို မွှေနှောက်သွားရတော့လေပြီ။
သူမသည် အရင်တုန်းက မင်းသားလေးတွေ မြောက်မြားစွာကို မြင်ခဲ့ဖူးပါ၏။ သူတို့တတွေအားလုံးသည် ငယ်ရွယ်ပျိုမျစ်ကြသည် ချည်းပင်။ သို့သော်၊ ဒီတစ်ယောက်သော ကောင်လေးသည်ကတော့ အလွန်တရာမှပင် ဆွဲဆောင်မှုတို့ ရှိလွန်းနေသည်တည့် ။
သူမ အရင်က တွဲခဲ့ဖူးသည့် ကောင်လေးတွေမှာ ထိပ်တန်းမင်းသားချောလေးတွေချည်း ဖြစ်ကြပါ၏။
သို့သော်၊ တခနလောက် တွဲပြီးသည့်နောက်၊
သူတို့အား ငြီးငွေ့သွားမိသည်ချည်းပင်။
သို့သော်၊ ဒီရီပိုင်ကတော့…သူသည် တစ်ယောက်တည်းသာ ထိုင်နေပြီး။ သူသည် ဆူညံလှသည့်ပါတီကို ခန္ဓာကိုယ်ရောက်နေပါသော်ငြားလည်း စိတ်တို့က ပျောက်လွတ်နေလေသည့်ပမာ ၊
ဝါးရုံတောထဲ လမ်းပျောက်နေလေသည့်အလားနှယ်။
သူသည် မူးနေလေပြီ ၊ ပြီးတော့….
ချက်ချင်းဆိုသလိုပင် အဝေးမှာရှိနေသည့် သူ့ကို အာရုံထဲ သိမ်းကြုံးယူမိသွားခြင်းပင်။ ဤသို့ဤပုံခံစားမိနေသည်မှာ
သူမ တစ်ယောက်တည်းသာတည်း မဟုတ်ပါချေ။
ဟန်ရှန်းယွီ ဆွံ့အသွားမိချေတော့ပြီး လုံးလုံးလျားလျားကြီးကို တခြားလူတစ်ယောက်အလား ပြောင်းလဲသွားလေသည့် ရီပိုင်အား
သူ ကြည့်လိုက်မိပါတော့၏။ နောက်၊ ချောင်းအသာဟန့်လိုက်ပြီး ပြောလိုက်သည်ကား။ “ဆောရီးပါဗျာ၊ သူ မူးနေပြီ…”
ဒီကောင်က မူးလာတဲ့အခါ ဒီလိုမျိုး ရှိလာလိမ့်မယ်လို့
ငါ ဘယ်တုန်းကမှ မတွေးထားမိခဲ့ဖူးဘူး။ သူ့ကောင်မလေးက
သူ အရက်သောက်တာကို မကြိုက်တာ မဆန်းတော့ဘူး။
ဒါက အရမ်းကိုပဲ အန္တရာယ်များလွန်းတယ် ဟူး !