စာစဉ် ၁၂ ( ၉ + ၁၀ )
10.8K 1.1K 3
Book.              :   12
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၂၊ အခန်း ၉။ သူက ငါတို့ရဲ့စီနီယာ
ဒက်ဇလင်းမီဒီယာ၌ ။
ပြင်ပကနေ မန်နေဂျာတစ်ယောက်ငှားရမ်းသည်ဟူသော သတင်းမှာ ကုမ္ပဏီကြီးတစ်ခုလုံးတွင် ဟိုးဟိုးကျော်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပါပင်။ စီနီယာတန်းမန်နေဂျာတို့မှာ အသိသာကို စိတ်မသာမယာမရွှင်မပျခြင်း ဖြစ်လို့နေကြပေ၏။ သူ့ဘာသာသူ တက်လမ်းပွင့်လာသည်က အကြောင်းမဟုတ်ပါ သော်ငြားလည်း သူသည် ဒီလောကတွင် ကျင်လည်ဖို့ရာ
အလွန်တရာမှ ငယ်ရွယ်လွန်းနေသေးခြင်းကြောင့်ပင်။
အဲ့ကောင်လေးက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ရုပ်ကလည်း အရမ်းချောနေတဲ့ဟာကို ဘာလို့များ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မေ၇ွးချယ်ရတာလဲ။ ဘာလို့များ မန်နေဂျာ လာလုပ်နေရတာလဲ။
မန်နေဂျာတစ်ယောက်နှင့် သရုပ်ဆောင်တစ်ယောက်ဆိုသည်မှာကား ကွာခြားလှပေသည်။ သရုပ်ဆောင်တစ်ယောက်မှာ စောစောစီးစွာပင် ပွဲထုတ်ခံရ၊ နာမည်ကျော်ရ လွယ်ကူပေသည်။ သို့သော်ငြား၊ မန်နေဂျာဟူသည်ကတော့ များစွာသော အတွေ့အကြုံတွေ၊ ကျယ်ပြန့်လှသော အဆက်အသွယ်တွေ ရှိနှင့်နေဖို့ လိုအပ်ပေ၏ ။မန်နေဂျာအများစုမှာ လက်ထောက်ဘ၀ကနေ မားကတ်တင်းပိုင်းကို တာဝန်ယူကြီးကြပ်ခဲ့ကြရင်းမှ စတင်ခြေလှမ်းပျိုးကြရသည်ချည်း။ သူတို့တွင် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်တာ အလုပ်သက်တမ်း ရှိလာပြီဆိုမှသာ သူတို့လက်အောက်တွင် သရုပ်ဆောင်တို့
ရလာနိုင်ခြင်း ဖြစ်ရကား ။ အနုပညာလောကမှာရှိနေကြသည့် မန်နေဂျာအနည်းအကျဉ်းလေးလောက်သာလျှင် အသက် ၃၀ အောက်တွင် ရှိနေကြခြင်းပါတည်း။
သို့သော် ၊ သက်တမ်းရင့်ဝန်ထမ်းများအနေဖြင့် သိနားလည်နေကြ သည်လည်း ရှိပါ၏ ။ ဥက္ကဌ ချူးသည် သရုပ်ဆောင်တွေအားလုံး
အပေါ် အာဏာလွှမ်းခြုံထားသည့် ကျိုးဝမ်ဘင်းနှင့် စစ်ပွဲနွှဲဖို့ရာ အဆင်သင့်ပြင်နေပြီ ဆိုသည်ကို။ ဒါကြောင့်သာ ဥက္ကဌ ချူးသည် ရီပိုင်အား အာဏာတွေ အလုံးအခဲကြီးထိုးပေးနေပြီး လူတိုင်းအား
လည်း သူနှင့် ပူးပေါင်းလုပ်ဆောင်ကြပါရန် အမိန့်ပေးထားလေခြင်း ဖြစ်ကြောင်းကို ။