စာစဉ် ၁၂ ( ၁၁ + ၁၂ )
10K 1K 7
Book.              :   12
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၂၊ အခန်း ၁၁။ ပထမဆုံး တိုက်ကွက်
ရီဝမ်ဝမ်၊ သူမရဲ့နှုတ်ခမ်းတို့ ကွေးတက်သွားတော့ပြီး ။
မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေပါသည့် လင်းဟောင်အား ကြည့်လိုက်ရင်း ဆက်ပြောလိုက်ပါ၏ ။
“ဒါပေမယ့်၊ သူက ဒါရိုက်တာ ကျိုးရဲ့လက်အောက်က သရုပ်ဆောင်တစ်ယောက် ဖြစ်နေတော့”
“ဘယ်လို။ B အဆင့် အောက်မှာရှိနေတဲ့ ဘယ်သရုပ်ဆောင်ကိုမဆို ကျွန်တော် လုပ်ချင်တာလုပ်လို့ရတယ်လား”
“ကောင်းပါပြီဗျာ။ ကျေးဇူးအများကြီး တင်ပါတယ်၊ ဥက္ကဌ ချူး…”
ဒါကို ကြားလိုက်ရသည့်အချိန် ၊ လင်းဟောင် ၊
ဘယ်လိုမှ ဆက်ကာ တင်းခံနိုင်စွမ်းမရှိလေတော့။
သူ ရီပိုင်ဆီသို့ ခပ်သုတ်သုတ် အပြေးသွားတော့ပြီး။
“မန်…မန်နေဂျာ ရီ။ ကျွန်တော် မှားသွားပါတယ်။
ကျွန်တော် စကားပြောလောသွားခဲ့ပါတယ်။ ကျွန်တော် ခင်ဗျားအပေါ် မရိုင်းစိုင်းခဲ့သင့်ဘူး။ ကျေးဇူးပြုပြီး…ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါ။ ကျွန်တော် နောက်တစ်ခါဆိုရင် မလေးမစားမလုပ်ရဲတော့ပါဘူး”
ကြောက်လန့်တုန်လှုပ်နေလေသည့် လင်းဟောင်။
မောက်မာထောင်လွှားမှု တစ်စွန်းတစ်စလေးမျှပင်
ထုတ်ပြရဲခြင်း မရှိလေတော့။
ရီပိုင်၏ ဖုန်းတစ်ကောလ်သည် သူ့အတွက် ချက်ချင်းဆိုသလိုပင် အသိဝင်သွားစေနိုင်ခဲ့သည့် တူတစ်လက်အလားနှယ်ပင်။
သူသည် သူ့ရဲ့ရှိုးပွဲ ပြီးသွားသည့်နောက် ၊
အောင်မြင်ကျော်ကြားမှုတို့ တရိပ်ရိပ်ထိုးတက်လာနေလေသည်မို့ ။ များစွာသောသရုပ်ဆောင်တက်သစ်လေးတွေသည်လည်း
သူ့နှင့် ရင်းနှီးဖို့ လုပ်ယူကြိုးပမ်းနေကြလေသည်မို့ ။ သွေးနထင်ရောက်လို့နေကာ ၊ C စာရင်းဝင် သရုပ်ဆောင် တစ်ယောက်မျှသာ ရှိနေသေးခြင်းကို မေ့လို့နေခြင်းပါတည်း။