24/7

114 4 7
                                    

"Ryuji  ​ကျောင်းရောက်လာပြီလား အမြဲအချိန်မှန်ပဲနော် တစ်ခါလောက် ကျောင်းကို စောစောလေး လာပါလား? "
" ငါ အိပ်ရေးမဝဘူး" ခပ်ပြတ်ပြတ်ပြောပြီး ခုံပေါ်သို့ လွယ်အိတ်ပစ်တင်ကာ မှောက်အိပ်လိုက်သော ကောင်လေးကြောင့် စကားစလိုက်သော သူငယ်ချင်းဖြစ်သူ Ren တစ်ယောက် ကြောင်အအနှင့်
ပြန်ထိုင်လိုက်ရသည်။ ဟုတ်သည် Ren၏ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဖြစ်သူ Ryuji သည် ယနေ့ကဲ့သို့ အလွန်အမင်း အိပ်ချင်နေသည့် ရက်များတွင် Ren အပါအဝင်မည်သူ့ကိုမှ သောက်ဖက်လုပ်ကာ စကားအကောင်းပြောမည်မဟုတ်။ စကားများမည့်အစား စာရေးခုံကို ချစ်သူကဲ့သို့ ဖက်တွယ်ကာ မျက်နှာအပ်ထားတတ်သည့် လူစားမျိုးသာ! ဆရာ၊ ဆရာမ များကိုပင် သိပ်သိပ်ကို အိပ်ချင်နေသည့် ရက်များတွင် သောက်ဖက်လုပ်ချင်သူမဟုတ်! Ryuji  ၏ စိတ်နေ စိတ်ထားသည် အခြေအနေသုံးရပ်နှင့် အမြဲ ပြောင်းလဲနေတတ်သည်။ အခြေအနေအလိုက် စကားများသင့် မများသင့် သင့်ချိန်ဆရလိမ့်မည်။ အကယ်၍ စကားမများသင့်သော စိတ်အခြေအနေတွင် စကားပြောချင်းကိုမရပ်တန့်လိုက်ဘဲ အာလူးဆက်ဖုတ်နေမိပါက Ryuji ၏ Blacklist စာရင်းထဲပါသွားနိုင်သည်။

Ryuji ၏ စိတ်အခြေအနေသုံးမျိုးကား အခြားမဟုတ်!

နံပါတ်တစ်အနေနှင့် အိပ်ချင်နေသည့် နေ့ရက်များပင်။ နံပါတ်နှစ်အခြေအနေသည် အရမ်းကို အိပ်ချင်နေသည့် အိပ်ရေးမဝလာသော နေ့ရက်များပင်။ နံပါတ်သုံးမှာတော့ ယနေ့ကဲ့သို့ သိပ်သိပ်ကို အိပ်ချင်နေပါသည် ဆိုသော ရက်များပင်။ ထိုစိတ်အခြေအနေများမှာ သူကျောင်းတက်တိုင်း ဖြစ်နေကြ စိတ်အခြေအနေများသာ။ အိပ်ချင်နေသည့်နေ့ရက်များတွင် သဘောကောင်းသော မင်းသားလေး Ryuji သည် သိပ်သိပ်ကိုအိပ်ချင်နေသောရက်များတွင် ဘီလူးတစ်ကောင်အလား ကြမ်းတမ်းစွာ ပြုမူတတ်သည်တဲ့။ လူတိုင်းကိုတော့ ကြမ်းတမ်းစွာ ပြုမူသည်မဟုတ်! Limit မသိဘဲ စကားသောက်ရမ်းများသည့် လူများကိုပဲပေါ့။

ဟိုတစ်နေ့က Renပြောပြထားသော Ryiji အကြောင်းများကို ပြန်တွေးလိုက်ရင်း Tomohisa   တစ်ယောက် ယနေ့ Ryuji ၏ စိတ်အခြေအနေမှာ သိပ်သိပ်ကို အိပ်ချင်နေသည့်အခြေအနေဖြစ်လောက်မည်ဟုတွေးရင်း မိမိထိုင်ရာနေရာနှင့် နောက် နှစ်ခုံကျော်လောက်တွင်ရှိသော မျက်မှန်နှင့်ကောင်လေးကို တစ်ချက်ခိုးကြည့်ကာ ပြုံးလိုက်မိသည်။

Don't touch My Precious IdolTahanan ng mga kuwento. Tumuklas ngayon