စာစဉ် ၁၂ ( ၁၉ + ၂၀ )
10.1K 1.1K 8
Book. : 12
Chapter. : 19 + 20
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၂၊ အခန်း ၁၉။ အချိန်မှန်၊ နေရာမှန်၊ လူမှန်
လယ်သမားရဲ့ ချိုမြန်လှတဲ့ နွေဦးရေအေး :
လခွမ်း။ "ကြောက်စရာကောင်းသော နဂါး" ထဲက လင်းလျိုချန်း ဘယ်ရောက်နေတာလဲလို့ တွေးမိနေတုန်းရှိသေးတယ်။ ဒီပို့စ်ကို တွေ့လိုက်ရပြီ။ နောက်ဆုံး သုံးစက္ကန့်မှာ လျိုချန်း ဘယ်လိုပုံစံ ဖြစ်နေပြီလဲဟ။ အားလားလား၊ ပြီးခဲ့တဲ့ သုံးနှစ်ကထက်တောင်မှ
သူက ပိုပြီးတော့ ကြည့်ကောင်းလာပါလား ။ ငါလခွမ်း။
သူ ရုပ်ကျမသွားဘူးဟ။
ကောင်းကင်ယံမှာ ပျံဝဲနေတဲ့ ကြောက်စရာကောင်းသော နဂါး :
သူက အရင်တုန်းက လင်းရှောင်ကျဲ့နဲ့အတူ နာမည်ကြီးနေခဲ့တဲ့ သရုပ်ဆောင်ပဲ ။ ဒါပေမယ့်၊ သူ ဘာလို့များ နာမည်ဆက်မရလာရတာလဲ ဆိုတာကို ငါ အဖြေရှာလို့ကို မရဘူး -- ဟူး သနားစရာကောင်းတယ်။
ဝါရင့်ရုပ်ပြောင်လုပ်တတ်သူ : ဗွီဒီယိုအသစ်က ဘာလို့ ၃ စက္ကန့်လောက် လေးပဲ ကြာရတာလဲဗျာ ။ ငါ ဆက်ပြီးတော့ ကြည့်ချင်သေးတယ်။ လိမ္မာတဲ့သိုးငယ်လေးကနေ ကြောက်စရာကောင်းတဲ့ ဗီလိန် ဘော့စ်ကြီး ဖြစ်လာတာ၊ မမိုက်ဘူးလား။ အရင်ကတော့ "ကြောက်စရာကောင်းသော နဂါး" ရဲ့ နောက်ဆုံးအခန်းကို ဒီနေရာမှာပဲ ရပ်ချပစ်လိုက်တယ်။ ငါတို့တွေအားလုံး ဆက်ပြီး သိချင်နေကြပြီဗျ။ သူတို့တွေ ဘယ်တော့မှ နောက်အခန်းတွဲကို ဆက်ရိုက်ပေးကြမှာလဲဗျာ။ သုံးနှစ်ကြီးများတောင် ကြာလာပြီ။
ဒိုင်အိုမက်ခ်တစ် : နင်တို့တွေ မသိကြသေးဘူးလား။ "ကြောက်စရာကောင်းသော နဂါး" ရဲ့ ဒါရိုက်တာက သူ့ရဲ့ Weibo မှာ ပို့စ်တင်ထားပြီးပြီ။ နောက်ဆက်တွဲ ဇာတ်လမ်း က အတည်ဖြစ်ပါပြီတဲ့။ တခြားဇာတ်ကောင်တွေကိုတော့ ဘယ်သူပဲ သရုပ်ဆောင်ဆောင်ပါ ။ လင်းလျိုချန်းနေရာကတော့ လျိုချန်းကပဲ ယူပါလိမ့်မယ်တဲ့ ။ ကြည့်ရတာ အချိန်က သူ့အတွက် ရပ်နေပေးသလားပဲ -- ဟီး ဟီး သူက အရင်တုန်းက လင်းလျိုချန်းနဲ့ တစ်ပုံစံတည်း ရှိနေသေးတုန်းပဲ ။ မဟုတ်ဘူး၊ မှားလို့ ။ အခုဆိုရင် ပိုတောင်မှ ချောလာသေးတယ်။