စာစဉ် ၁၂ ( ၂၁ + ၂၂ )
9.8K 1.1K 8
Book.              :   12
Chapter.          :  21 + 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၂၊ အခန်း ၂၁။ သူ့ကို ချော့မြှူနေတာကို ရပ်တန့်လို့မရဘူး
ရီဝမ်ဝမ်၊ လက်တစ်ဖက်ဖြင့် သူမရဲ့လက်ပ်တော့ကို မ,မြှောက်ထားရင်း စီရီဟန်ပေါ်တွင် ခုန်ပေါက်လို့နေလေ၏။ ပြီး သူ့အား ဖက်ထားရင်း။
“အားးး။ ဆရာ စီ၊ ဆရာ့ကို အများကြီး ချစ်တယ်။ တပည့် သချာင်္မှာ အမှတ်ပြည့်ရတယ်။ အမှတ်ပြည့်။ ကျောက်ရှင်ကျိုးတော့ သေချာ
ပေါက် မျက်ရည်နဲ့မျက်ခွက် ဖြစ်နေလောက်ပြီ။ ဆရာ စီ ရဲ့ ကျူရှင်ခက တကယ့်ကို တန်ပြီးတော့ ရိုးသားတဲ့အပေးအယူပါ ။ အမ်။ ဆရာ...
ဘာလို့ လုံးဝကို အံ့သြမနေရတာလဲ -- တပည့်မမြင်ခင်ကတည်းက ဆရာ တိတ်တိတ်လေး တပည့်ရဲ့ရလဒ်တွေကို ယူကြည့်ထားတာလား”
“လိုတယ်လို့…မင်း ထင်လား”  သူ့ရဲ့လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်ကာ သူမလေးအား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည့် စီရီဟန်။ သူ့ရဲ့အမူအရာကို ဖတ်ကြည့်ပါက “ငါက ဆရာတစ်ယောက်လုပ်နေပြီး ရလဒ်တွေကို စစ်ဆေးကြည့်နေစရာတောင် လိုသေးလို့လား” ဟု။
သူမလေး၏ပျော်ရွှင်နေသည့် ဓာတ်လေးတွေ သူ့အား ကူးဝင်နေခြင်း ဖြစ်ခြိမ့်မည်။ အနှီလူသား၏အမူအရာမှာ ခါတိုင်းထက်ပင် အများကြီး ပိုမိုနွေးထွေးလို့နေပါ၏။
ရီဝမ်ဝမ်၊ သဘောတူလက်သင့်ခံစွာဖြင့် အထပ်ထပ်ပြောဆိုလာပါ၏။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ မလိုဘူး မလိုဘူး"
သူမရဲ့ရလဒ်တွေကို မြင်ပြီးသွားသည့်နောက် ။
ရီဝမ်ဝမ်ရဲ့နှလုံးသားလေး ဘယ်လိုမှ မတည်ငြိမ်နိုင်တော့လေပြီ ။
ငါ အရမ်းကို ပျော်လိုက်တာနော်…
ဒါသည်ကား သူမ ပြန်မွေးဖွားလာပြီးသည့်နောက်
ပထမဆုံး ခံစားဖူးပါသည့် အလွန်တရာပျော်ရွှင်မှုပါတည်း….
သူမသည် သူမရဲ့အသက်မွေးဝမ်းကျောင်းပေါ် ခြေလှမ်းချထားနိုင်ခဲ့ပြီ။ အိမ်တော်ကို ပြန်လည်ရရှိခဲ့ပြီ။ သူမရဲ့ စာမေးပွဲရလဒ်သည်ကလည်း ခြွင်းချက်မရှိအောင်ပင် အရမ်းကောင်းနေခဲ့သည်ပင်…