26

4.5K 672 33
                                    

For Zawgyi

တစ်​ခါတစ်​​လေ​တော့
Namjoonတကယ်​သိချင်​မိသည်​..
တစ်​ချို့စုံတွဲ​တွေ ဘယ်​လို​ပြောဆိုဆက်​ဆံကြတယ်​ ဆိုတာကို...

သူတို့နှစ်​ဦးက​တော့ သူငယ်​ချင်းက​နေ အလိုလို​နေရင်းအူတူတူနှင့်​အဆင့်​တတ်​သွား၍ပဲလား ​ယောကျာ်း​လေးနှစ်​ဦးဖြစ်​​နေ၍ပဲလား​တော့မသိ ကြည်​နူးစရာဆိုတာလက်​ချိုး​ရေ၍ရသည်​...

စကားချိုချို​လေး​ပြောဖို့ပြင်​လိုက်​ တိုင်း
ပါးစပ်​က​ကော်​ကပ်​ထားသလိုမထွက်​လှ..
စိတ်​ပါလက်​ပါ​ပြောမိခိုက်​​တွေမှာ သ​ကောင့်​သားက အာပြဲလျှာပြဲနှင့်​ထ ထရယ်​တတ်​​သေးသည်​..

မည်​သို့ပင်​အချိုးမ​ပြေပါ​စေသူSeok Jinကိုချစ်​​သောအမှန်​တရားက​တော့ ခိုင်​မာ​နေဆဲ...
.
.

"Joon မ​နေ့က မင်းကိုMo Ji yoonနဲ့​တွေ့လိုက်​သလားလို့"

မ​ကျေမလည်​​မေး​သော အ​မေးမျိုးမဟုတ်​..ပုံစံက
သတိရလို့​မေးလိုက်​​သော ​ပေါ့​ပေါ့ပါးပါးဟန်​သွင်​ရှိသည်​..

"ဟုတ်​တယ်​...​​.​ကျောင်း​ပေါက်​က​ကော်​ဖီဆိုင်​နားမှာ​တွေ့တာ.."

Seok Jinတစ်​ခုခု​ပြောရန်​ပြင်​လိုက်​​သော်​လည်း ဆရာလာသဖြင့်​သူတို့စကားစပြတ်​သွားခဲ့ကြရ၏....Namjoonက​တော့ သူမြတ်​နိုး​ပျော်​ဝင်​ရသည့်​ပါးချိုင့်​တည်​သည့်​အပြုံးတို့ကိုပြုံးပြကာ​ရှေ့သို့ပြန်​လှည့်​သွားသည်​. .

ထိုအခါမှ Seok jinသူ့ရင်​ဘတ်​​ပေါ်သို့လက်​တစ်​ဖက်​ကိုတင်​ကာ သက်​ပြင်းခိုးချမိ၏....
ရင်​​တွေအရမ်းပူ​နေတယ်​.....
.
.
.
.
အတန်းပြီးသည်​နှင့်​အားကစားပွဲ​တော်​အတွက်​ တိုင်​ပင်​ရန်​ ​ ဆရာကသူတို့၏အတန်း​ခေါင်း​ဆောင်​ဖြစ်​​သော Namjoonကို​ခေါ်သွား​လေ၏..

သူလည်းတစ်​​ယောက်​ထဲပျင်းလှ​သော​ကြောင့်
ကျောင်း​ရှေ့က Coffeeဆိုင်​​လေးဆီထွက်​လာခဲ့သည်​...

ရာသီဥတု​အေး​သော​ကြောင့်​ Coffeeဆိုင်​​လေးဟာခါတိုင်းထက်​ကိုပို၍လူစည်​ကား​နေ​လေသည်​...လူ​တွေရှုပ်​​နေတာကိုမြင်​တာ​ကြောင့်​ သူမဝင်​​တော့ပဲလှည့်​ထွက်​မည်​ပြင်​​တော့...

Hey Bro!Where stories live. Discover now