For Zawgyi
ရာသီဥတုက မပူမအေး သင့်တင့်မျှတစွာ အချိုးကျနေသည်မို့ ခါတိုင်းနေ့တွေထက်ပို၍နေလို့ကောင်းနေသည်...
ဒီနေ့ သူတို့အထက်တန်းကျောင်းသားဟောင်းတွေ့ဆုံပွဲရှိသည်မို့ Namjoonအလုပ်မှခွင့်ယူထား၏...
အပြာနှင့်အဖြူစင်းလေးတွေပါသော ရှပ်ကို ဂျင်းအနက်ကလေးထဲ ထည့်ထိုးဝတ်လိုက်ပြီး ရိုးရှင်းစွာပင်သူပြင်ဆင်လိုက်သည်...
နှဖူးပေါ်ဝဲကျနေသော ရွှေအိုရောင် ညိုညို့ဆံပင်တွေကိုတော့ဖြင့် ဂျယ်ဖြင့်ဖီးသပ်ပြီးလှန်တင်လိုက်၏....
ရင့်ကျက်သည့်အသွင်ပေါက်စေရန်သူမျှော်လင့်မိသည်..."ဝင်ခဲ့..မင်းသား ကပြင်နေတုန်း"
အမေ့၏အထေ့စကားသံလေးကြားလိုက်ရသည်နှင့် ဘယ်သူလာပြီလဲဆိုတာမေးစရာမလိုတန်းသိလိုက်သည်...
လေချွန်သံခပ်တိုးတိုးနှင့်အတူ သူ့အခန်းထဲသို့ပိုင်စိုးပိုင်နင်းဝင်လာသော အနှီလူအား ဂရုမစိုက်ပဲ မှန်ကိုသာဆက်ကြည့်နေလိုက်သည်...Seok Jinက ကုတင်ပေါ်ထိုင်ရင်း သူ့အား အတန်ကြာငေးစိုက်ကြည့်နေသည်ကို Namjoonမြင်နေရတာမို့ ပြုံးကာ...
"ငါသိပ်ချောနေလို့လား"
"မဟုတ်ပါဘူး..မင်းဘောင်းဘီကြပ်လွန်းနေသလားလို့..တော်တော်လေး..."
လက်နှစ်ဖက်အား ခပ်ဝိုင်းဝိုင်းပုံပြကာ
မေးဆတ်ရင်း ပြောလိုက်တာမို့ Namjoonအယောင်ယောင်အမှားမှားပင်ဖြစ်ကုန်ရသည်..ထို့ကြောင့် ရှည်လျားလွန်းသောခြေတံများအားအသုံးပြုကာ ကုတင်ပေါ်မှသကောင့်သားအား
ကြင်နာစွာ ကန်ချလိုက်တော့၏..
.
.
..............ကျယ်ဝန်းလှသော ဆိုင်ခန်းထဲတွင်
လူတွေဟိုတစ်စုဒီတစ်စုနှင့် လှုပ်ရှားသွားလာနေကြသည်...သူရောSeok Jinရောက လူရှုပ်တာမျိုးကို မနှစ်သက်ကြတာကြောင့် ဒီလိုတွေ့ဆုံပွဲတွေကသိပ်တော့ သဟဇာတ မဖြစ်လှချေ...
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...