စာစဉ် ၁၃ ( ၁ + ၂ )
9.8K 1K 9
Book.              :   13
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၁။ ငါက အမည်မရှိ နန်
ရီဝမ်ဝမ်ရဲ့မျက်ဝန်းထဲက သံသယတို့ကို မြင်တွေ့လိုက်ရသည်နှင့်၊ ထိုလူသည် အားကုတ်အားခဲမေးလာတော့သည်။
“ငါ လျှောက်ပြောနေတာလို့ မင်း ထင်လား”
ရီဝမ်ဝမ်၊ သူမခေါင်းလေးကို ခါယမ်းပြလိုက်ပါပြီး။ ထိုလူရှေ့တွင် သူမ၏ပိုက်ဆံအိတ်အား လှုပ်ခါလီခါဖြင့် လှုပ်ယမ်းပြလိုက်ရင်း ရယ်မောပြောဆိုလာသည် ။
“ဟိုးနှစ်တွေတုန်းက၊ ပေါင်ချိန်ထောင်ပေါင်းမကလေးတဲ့ ၀က်ဝံညို
ကြီး တစ်ကောင်ကို ကျွန်မ အမဲလိုက်ခဲ့တုန်းက သူ့သားမွေးတွေနဲ့ ဒီပိုက်ဆံအိတ်ကို လုပ်ထားခဲ့တယ်”
“အာ” လူငယ်လေးသည်၊ ရီဝမ်ဝမ်လက်ထဲက ပိုက်ဆံအိတ်ကို ကြည့်လိုက်ပြီး အနည်းအကျဉ်း ဆွံ့အသွားတော့သည်တည့် ။
“မဖြစ်နိုင်လိုက်တာ…” လူငယ်သည်ကား သူ့နှာခေါင်းကို ပွတ်သပ်နေ၇င်း ပဟေဠိဖြစ်လို့နေချေသည်။ “အရင်တုန်းက ငါကိုယ်တိုင် ၀က်ဝံညိုကြီးတွေအများကြီးကို လက်ဗလာနဲ့ အမဲလိုက်ခဲ့ဖူးပါတယ်…ပေါင်ချိန် တစ်ထောင် ကျော်လေးတဲ့ ၀က်ဝံညိုတွေ ရှိတယ်လို့ ငါ မသိခဲ့ရပါလား”
ရီဝမ်ဝမ်၊ သူ ဘယ်လိုမျိုး ပဟေဠိအတွေး ၀င်သွားခဲ့လဲဆိုသည်ကို ကြည့်နေမိရင်းမှ ကူကယ်ရာမဲ့ ခံစားမိသွားရတော့ချေသည် -- သူရဲ့အာရုံက ၀က်ဝံညိုကြီးရဲ့အလေးချိန်အပေါ်မှာပဲ ရှိနေတယ်၊ တခြားဘယ်မှာမှ မရှိဘူးလား။
“ငါ အရင်တုန်းက ပေါင်ချိန်နည်းနည်းလောက်လေးနဲ့ ၀က်ဝံညိုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး -- ငါ အမဲလိုက်ဖူးတဲ့ ၀က်ဝံညိုတွေအများစုက အများဆုံးတော့ ပေါင် ၁၃၀၀ လောက်တော့ ရှိကြတာချည်းပဲ” ထိုလူသည် အတည်အတံ့အလေးအနက်ဖြင့် ပြောဆိုနေလေ၏။
“ရှင်ကတော့လေ တစ်ခုခုပဲ၊ ဟမ်” 
ရီဝမ်ဝမ်၊ ခပ်သော့သော့လေး ရယ်လိုက်လေသည်။