စာစဉ် ၁၃ ( ၃ + ၄ )
9.4K 973 10
Book.              :   13
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၃။ ရီ ရှောင်ထင်းရော ဘယ်လိုဖြစ်သွားပြီလဲ
ရီ အုပ်စုမှ ရီရှောင်အန်းဆိုသည်မှာ ဘယ်သူဘယ်ဝါဆိုသည်ကို
လူတိုင်း သိထားကြသည်ကား-- သူသည် ရီ အုပ်စု၏ သူဌေး ဟူ၍။
သူက ဘယ်လိုလုပ်ပြီးတော့ အရင်နှစ်တွေတုန်းက လက်ထောက်လေးတစ်ယောက်ပဲဆိုတာ ဟုတ်နိုင်ပါ့မလဲ။
စီနီယာသတင်းထောက်သည် လူအုပ်ကြီး၏ သိချင်စိတ်တို့ ပြင်းပြနေသည့် အကြည့်တို့ကို ကြည့်လိုက်ပြီး ပျော့ပျောင်းစွာဖြင့် ပြောလာသည်။
“အဲဒီ ရီရှောင်အန်းက သခင်ကြီး ရီ ရဲ့ ဒုတိယ သား။
သခင်ကြီး ရီ မှာက ရီရှောင်ထင်းလို့ခေါ်တဲ့ သားကြီးတစ်ယောက် ရှိသေးတယ်။ အဲဒီအ၇ှုပ်အရှင်း မဖြစ်ခင်တုန်းကပေါ့ကွာ ရီရှောင်းထင်း ကို ရီ အုပ်စုကို အမွေဆက်ခံမယ့်သူလို့ မှန်းထားခဲ့ကြတာ။ ရီရှောင်အန်းကတော့ သူ့ရဲ့လက်ထောက် ဖြစ်ခဲ့တာပေါ့”
“အဲလိုမျိုး ရှိခဲ့တယ်လား”
သတင်းထောက်လူသစ်တို့မှာ ရီ မိသားစုဝင်တို့နှင့် အလွန် အကျွမ်းဝင်နေခြင်း မရှိသည်မို့ -- သူတို့သည် အပေါ်ယံတွင် ရှိနေသည့်အရာတို့ကိုသာ သိကြခြင်းပါတည်း။
“တကယ်ဟုတ်မဟုတ်တော့ မသိဘူး…ပြောကြတာကတော့ အဲ့ဒီအချိန်တုန်းက ရီ အုပ်စုရဲ့ဘော့စ် ၊ ရီရှောင်ထင်းက ဂိုဏ်းတွေ ဘာတွေမှာ ၀င်ပါခဲ့ပြီးတော့ ကုမ္ပဏီရဲ့ ပိုက်ဆံတွေကို ဖြောင်သွားခဲ့ တယ်ဆိုပဲ။ သူ ဖြောင်သွားတဲ့ ကုမ္ပဏီရံပုံငွေတွေက အများကြီးပဲလို့ ပြောကြတာပဲ”
ဒီပုံပြင်ဟောင်းတို့သည် သတင်းထောက်အသစ်တွေ၏ စိတ်ထဲ ဗုံးကြဲလိုက်သကဲ့သို့နှယ် တိုးဝင်သွားခဲ့ချေပြီ။
အဲ့ဒီ ရီရှောင်ထင်းက ရူးများနေတာလား။
ဒီလောက်ထိ ကြောက်စရာကောင်းတာကြီးကို သူမို့ လုပ်တယ်။