စာစဉ် ၁၃ ( ၅ + ၆ )
9.2K 931 13
Book.              :   13
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၅။ မွေးနေ့ နှုတ်ခွန်းဆက်သခြင်း
“ရီရှောင်ထင်းက အခုဆို ကုမ္ပဏီသေးသေးလေးမှာ အလုပ်လုပ်နေရ တဲ့ဟာ။ သူ့မှာ သူ့ကိုယ်သူတောင် အနိုင်နိုင်။ သူ့ရဲ့အဲဒီသမီးဆိုတဲ့သူက လည်း နာမည်ကျော်ပြသနာအိုး၊ ပြီးတော့ အရမ်းကြီးကိုပဲ ရုပ်ဆိုးပန်းဆိုး ကြီးဟာ -- သူမက ဘယ်လိုလုပ်ပြီးတော့ ဂူရွဲ့ကျီနဲ့ တွဲဖို့ဖြစ်နိုင်မှာလဲ။ ဂူရွဲ့ကျီ ပဲ ဖြစ်ဖြစ်၊ ဂူ အုပ်စုပဲ ဖြစ်ဖြစ် ။ သူသာ ကန်းမနေဘူးဆိုရင် ဘာလို့ ရီဝမ်ဝမ်ကို ရွေးချယ်ပါလိမ့်မလဲဟယ်”
“ဟုတ်ပ။ ငါလည်းပဲ အဲဒါကို အရင်က ကြားမိတယ်။ ရီရှောင်ထင်းက ဂူရွဲ့ကျီနဲ့ ဂူ မိသားစုကို တွန်းအားပေးပြီး အဲဒီစေ့စပ်ပွဲကို သဘောတူခိုင်း ခဲ့တာဆိုပဲ… တကယ်တော့၊ အဲဒီအချိန်တုန်းက ဂူရွဲ့ကျီက ရီယီယီကို ကြိုက်နေခဲ့တာတဲ့ဟ…”
“သိပ်တော့မသေချာဘူး။ ဒါမဲ့ ငါတော့ အဲ့သတင်း အတုမဟုတ်ဘူးလို့ ထင်တာပဲ။ အဲဒီရီဝမ်ဝမ်က ရုပ်ဆိုးရုံတင်မဟုတ်ဘူးတဲ့၊ ၀တာကလည်း အရမ်းဆိုး ဆိုပဲ ။ ရီဝမ်ဝမ်ရဲ့ရုပ်ဆိုးပန်းဆိုး ၀၀တုတ်တုတ်ကြီးနဲ့ဆို ဘယ်သူကများ သူမကို လက်ထပ်ချင်ပါ့မလဲ။ ရီရှောင်ထင်းကသာ သူ့ရဲ့အာဏာကို သုံးပြီးတော့ သူများကို အနိုင်မကျင့်ခဲ့ဘူးဆိုရင် ၊ ဂူရွဲ့ကျီနဲ့ ရီယီယီကို အတင်းမခွဲပစ်ခဲ့ဘူး ဆိုရင် ရီဝမ်ဝမ်က ဂူရွဲ့ကျီရဲ့ဇနီးလောင်း ဖြစ်လာနိုင်ပါလိမ့်မယ် အားကြီးကြီး”
ဒီသတင်းထောက်တွေအများစုသည်ကား ကြားဖူးနားဝရှိသည့်
ရီဝမ်ဝမ်ရဲ့ရုပ်ရည်အပေါ် အတွေးအမြင်တို့ထုတ်ဖော်နေကြသော်ငြား၊ သူတို့တွေသည် သူမ၏ဘ၀အစစ်ကို မြင်ဖူးခြင်းမျှပင် မရှိကြပေ။
သို့သော်၊ လူတိုင်းသည် ရီဝမ်ဝမ်ရဲ့ရုပ်ရည်လက္ခဏာနှင့် ပတ်သက်လို့ တစ်ထပ်တည်းသာ ပြောဆိုနေကြလေသည်မို့ ဘာထူးခြားချက်မှတော့ ရှိမနေပါချေ။