💜010💜

16 3 0
                                    

'မင်​' နဲ့​တွေ့ဖို့ဆိုတဲ့စိတ်​နဲ့ မြိုချပစ်​လိုက်​ရတဲ့
ဒေါသ​တွေ​နောက်
'မင်​' အ​ပေါ်ချစ်​ခြင်း​တွေ​ရော​ယောင်​ပါမသွားဖို့
ကိုယ်​ သက်​ပြင်းဖွဖွရှိုက်​ရင်း ထိန်းချုပ်​ရတဲ့​နေ့ရက်​​တွေကို မုန်းမိတယ်​ . . .။

'မင်​' က​တော့ love myself
love yourself လို့
အမြဲတမ်း သတိ​ပေး​နေခဲ့​ပေမယ့်
'မင်​'အတွက်​ချစ်​ခြင်းတရားကလွဲရင်​ ဘာကိုမှ
မ​ပေးနိုင်​ခဲ့တဲ့ ကိုယ့်​ကိုယ်​ကိုမုန်းမိခြင်းက
အနိုင်​ပိုင်း​နေ​လေရဲ့ . . .။

ပေးနိုင်​ဖြစ်​ခဲ့ရင်​​ကော သန်း​ပေါင်းများစွာထဲက
ကိုယ့်​ကို သူမြင်​နိုင်​ပါ့မလားဆိုတဲ့ 
လှောင်​​ပြောင်​ရယ်​​မောသံ​တွေ​အောက်
ကိုယ့်​ရဲ့ ငိုရှိုက်​သံ​တွေက 
ပျောက်​ကွယ်​သွားကြပြန်​တယ်​ . . .။

ချစ်​ဖို့အတွက်​​တောင်​ ရုန်းကန်​​နေရမှန်း 'မင်​' မှ
မသိနိုင်​ခဲ့ပဲ . . .။

ကိုယ်​ . . .
ပြန်​မရနိုင်​တဲ့ ချစ်​ခြင်းနွံထဲခုန်​ဝင်​ပစ်​ခဲ့တယ်
ဘာ​တွေပြန်​​မျော်​လင့်​​နေခဲ့ပါသလဲ​လေ . . .။




#Avrilyooniee
#1A-19Tue




001 To 100Donde viven las historias. Descúbrelo ahora