စာစဉ် ၁၃ ( ၁၃ + ၁၄ )
9.6K 1K 8
Book.              :   ၁၃
Chapter.          :  ၁၃ + ၁၄
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃ ၊ အခန်း ၁၃။
ဇာမဏီငှက်အသိုက်မှာ နေနေကြတဲ့ ကျီးကန်းတွေ
“ရီဝမ်ဝမ်၊ နင်…”
ဖန်ရှုမင်၊ အံတင်းတင်း ကြိတ်လိုက်မိချေပြီ။ သူမ၏အမူအရာမှာ လငပုတ်ဖမ်းကာ သူမ၏နှလုံးခုန်သံသည်ကား စိုးရိမ်တကြီး
တဒုန်းဒုန်း ခုန်လို့နေချေပြီ။
တကယ်တွင်၊ သူမနှင့် လျန်ကျားဟောင်တို့ လက်ထပ်ခဲ့ကြစဉ်အခါတုန်း က သူတို့နာမည်ပေါက်သည့် ပိုင်ဆိုင်မှုဟူ၍ ခြူးတစ်ပြားမျှပင် မရှိခဲ့ကြ။ လက်ထပ်ကုန်ကျစရိတ်အားလုံးတို့မှာ ရီရှောင်ထင်းသည်ကသာ စိုက်ထုတ်အကုန်ကျခံပေးခဲ့ခြင်းတည်း။ သို့သော်၊ ဖန်ရှုမင်သည်ကား ဒီအကြောင်းကို များများစားစား တွေးတောခြင်းမျှ မပြု ။ သူတို့ကို ပေးထားခဲ့ပြီးကတည်းက ထိုအရာတို့သည် သူတို့အပိုင် ဖြစ်သွားခဲ့ပြီ ဟူ၍သာ ။
သူမ ဘယ်တော့မျှ အိပ်မက်ပင်ယောင်မမက်ခဲ့ဖူးသည်ကား၊ ရီဝမ်ဝမ်သည် ထိုအကြောင်းခြင်းရာအားလုံးကို လူအများ၏ရှေ့တွင် ဖော်ထုတ်ချလာလိမ့်မည်ဟူ၍….
“အာ…” ရီဝမ်ဝမ်၊ ဖန်ရှုမင်၏တုန်လှုပ်စပြုနေသည့် မျက်နှာအား ကြည့်လိုက်ပြီး သူမ၏ခေါင်းလေးအား မတတ်နိုင်စွာ လှုပ်ယမ်း လာပါ၏။ ဒီနောက်၊ သူမလေး ၊ ရီမူဖန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်ကား။
“ကိုကို၊ ဒီနှစ်တွေမှာ ညီမလေးတို့တွေအတွက်လည်း အဆင်မပြေ
ခဲ့ဘူးမလား။ ဒါပေမယ့်၊ သူတို့က အိမ်ထောင်တွေကွဲပြီးမှ ရထားတဲ့ မိသားစုနှောဖြစ်နေတာဆိုတော့ သူတို့အတွက် ပိုမလွယ်လောက်ဘူး။ အန်တီက မပြောင်းပေးချင်ဘူးဆိုရင်လည်း လူငယ်မျိုးဆက်သစ်တွေ ဖြစ်တဲ့ ညီမလေးတို့ကပဲ နည်းနည်းလောက် ထပ်ပြီး ဒုက္ခခံပေးလိုက် ကြရအောင်လေနော်။ သူတို့မိသားစုသုံးယောက်ကို မောင်းထုတ်ပစ်ဖို့ ဆိုတာက မကောင်းဘူးလေ”
ရီမူဖန်၊ နှုတ်သီးကောင်းလျှာပါးဖြင့် ချောချောမွတ်မွတ် ပြောထွက်နေ သည့် ရီဝမ်ဝမ်အား သံသယ၀င်စွာ ကြည့်လိုက်မိချေသည်။ သူ၏ရင်းချာသောညီမလေးသည် ဖန်ရှုမင်အား လူပေါင်းများစွာ၏
ရှေ့တွင် အရှက်ရစေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပါချေ ။ သူ၏ရင်ထဲတွင်တော့ ကြည်နူးပီတိ တထောင်းထောင်းထလို့နေလေ၏ ။ သူ့ရင်ထဲက အစိုင်အခဲတို့ကို သူ မဖယ်ဖျောက်နိုင်သေးပါသော်လည်း သူမလေးနှင့် အလိုက်သင့်ကာ ရေရွတ်ပေးလာဆဲ။
“အင်းပါ၊ ကိုကိုတို့တွေပဲ ပိုပိန်သထက်ပိန်ချင် ပိန်လာပါစေတော့”
ဆိုလိုသည်ကား၊ ဒါသည် ဖန်ရှုမင်တို့မိသားစု ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေဖို့ အနစ်နာခံပေးထားခြင်းတည်းဟု။