စာစဉ် ၁၃ ( ၁၅ + ၁၆ )
9.7K 1.1K 13
Book.              :   13
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၁၅။ ခင်ဗျားရဲ့ဒီမြေးမလေးက ထူးချွန်တယ်
“ရှီဟန်၊ ဘိုးဘိုးကို သွားဂုဏ်ပြုကြရအောင်”
သူမ၏သမီးဖြစ်သူသည် အင်ပါရီယာမီဒီယာကို ၀င်ခွင့်ရထားပြီဖြစ်ကြောင်း စဉ်းစားမိလိုက်သည်နှင့်၊
ဖန်ရှုမင်၊ ထပ်ဖန်ပြီး မာနတံခွန်ထောင်လာတော့ပြီ။
သူမ မတ်တပ်ထရပ်လိုက်ပြီး၊ အရှေ့ဘက်တွင်ရှိနေသည့် အဓိကထိုင်ခုံနေရာဆီ လျန်ရှီဟန်အား ဆွဲခေါ်သွားတော့သည်။
လျန်ရှီဟန်နှင့် ဖန်ရှုမင်တို့ ရောက်သွားကြသည်နှင့် ၊ အသက်ကြီးကြီးပိုင်းတစ်စုသည် သူတို့ဘက် လှည့်ကြည့်လာ ကြတော့ပြီ။
“ဘိုးဘိုး သက်ကျော်ရာကျော်ရှည်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ပါစေလို့ မြေးမလေး ဆုတောင်းပေးချင်ပါတယ်” ရိုကျိုးနာခံသည့် အပြုံးတစ်ပွင့်နှင့်အတူ အသက်ကြီးကြီးလူကြီးအား ကြည့်နေပါသည့် လျန်ရှီဟန်ပါတည်း။
ရီဟုန်းဂွမ်းသည်ကား လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်း လုံးဝမရှိ။ အလွန်အမင်းပင် တည်ငြိမ်လို့နေ၏။ သူသည် အနည်းငယ် အိုမင်းဟန် ပေါက်နေပါသော်လည်း၊ ကေသရာဇာခြင်္သေ့မင်း၏ ဟိတ်ဟန်အမူအရာ တို့ ရှိလို့နေဆဲပင် ။
တခနကြာပြီးနောက်၊ ရီဟုန်းဂွမ်၊ ကျေးဇူးတင်ကြောင်းပြဟန်ဖြင့် ခေါင်းညိတ်လာသည်။
“ရှီဟန်” ဖန်ရှုမင်၊ ရီဟုန်းဝေ၏နံဘေးထိုင်ခုံတွင် ထိုင်နေပါသည့် မျက်မှန်နှင့် ဆံပင်ဖြူဖြူအဘိုးကြီးထံ အချက်ပြလိုက်ရင်း။ “ဒါက အင်ပါရီယာမီဒီယာက ဧည့်သည်ပါမောက္ခ၊ ပရော်ဖက်ဆာ လီရွဲ့ပဲ။ မြန်မြန် ဂါရ၀ပြုလိုက်”
သိပ်မကြာခင်တွင် လျန်ရှီဟန်သည် အင်ပါရီယာမီဒီယာတက္ကသိုလ်ကို ၀င်၇တော့မည်တည်း ဖြစ်လေရကား။ ဖန်ရှုမင်၊ ဒီအခွင့်အရေးကို အသုံးချလို့ သူမအား ပရော်ဖက်ဆာ လီရွဲ့နှင့် မိတ်ဆက်ပေးလိုခြင်းပင်။