😘11😘

1.3K 128 1
                                    

Xing သည်​ Jun စကားကို နား​ထောင်​​ပေးသည်​။ ​လေ့လာ​ရေးခရီးတ​လျှောက်​လည်း Jun ကိုသာ ဂရုစိုက်​​ပေးခဲ့သည်​။ တစ်​ခုပါဘဲ Jun ဘက်​က ချစ်​တယ်​​ပြောတိုင်း Xing က​တော့ *အင်း* တစ်​ခါတ​စ်​​လေ ​ခေါင်းငြိမ့်​ပြတာ​လောက်​ဘဲ ရှိသည်​။ Mie ဆိုတဲ့ တစ်​​ယောက်​နဲ့လည်း အကြီးအကျယ်​ ပြဿနာတတ်​​နေသည်​။ ဒါ​တွေ အားလုံး ကျွန်​​တော်​ စီစဉ်​ထားတာဘဲ မဟုတ်​လား။ ထိုသို့ဖြစ်​လျှင်​ Xing ကျွန်​​တော်​ဆီ ပြန်​လာမယ်​လို့ ထင်​ထား​ပေမယ့်​ Xing က ပြန်​မလာခဲ့။ အခုလည်း Club မှာ အရက်​​တွေဇွတ်​​သောက်​​နေ​တော့တာဘဲ။ အကူအညီ​တောင်းဖို့ သူငယ်​ချင်းဖြစ်​သူ​တွေဆီ ဖုန်းဆက်​​တော့ တစ်​​ယောက်​မှ မကိုင်​ကြ။ ပြီးမှ သတိရလိုက်​တာ ChanYeol နဲ့ Baek က နှစ်​ဖက်​မိဘ​တွေ့ဆုံပွဲ ရှိသလို၊ Kai နဲ့ D.O. က ဘူဆန်​ သွားကြသည်​။ Minmin နဲ့ Chen က Frist Date. Kris တို့ ၄​ယောက်​က တရုတ်​ ခနပြန်​သွားကြသည်​။

*Xing .Xing ပြန်​ကြရ​အောင်​​နော်​။*

*ဟင်​ အင်းးး အင်းး ပြန်​ကြရ​အောင်​။*

မူးရူး​နေတဲ့ Xing ခန္ဓာကိုယ်​ကို မနိုင့်​တနိုင့်​သယ်​ပြီး Club ထဲက​နေ ထွက်​လာခဲ့သည်​။ ကား​နောက်​ခန်းထဲ Xing ကို ထည့်​လိုက်​ပြီး သက်​​သောင့်​သက်​သာ ဖြစ်​​အောင်​ လုပ်​​ပေးလိုက်​သည်​။

ဝေါ့ ​​အော့

*Xing သက်​သာလား။*

ကျွန်​​တော့်​ကိုယ်​​ပေါ် အန်​ချလိုက်​တဲ့ Xing ​ကျောပြင်​​လေးကို ခပ်​ဖွဖွ​လေး ထု​ပေးလိုက်​သည်​။ ပြီး​တော့ ပါးစပ်​ နဲ့ Xing ရန်​ဘက်​မှာ ​ပေ​နေတဲ့ အန်​ဖက်​​တွေကို တစ်​ရှူး နဲ့ ​သေ​သေချာချာ သုတ်​​ပေးလိုက်​သည်​။ ​​မောင်းသူ​နေရာကို ၀င်​ထိုင်​လိုက်​ပြီး နီးစပ်​ရာ ဟိုတယ်​ ကိုသာ ​မောင်းလိုက်​သည်​။ Xing နဲ့ ချစ်​သူ​တွေ ဖြစ်​ခဲ့​ပေမယ့်​ Xing အိမ်​ကို Jun မသိ။ Xing ကလည်း မ​ပြောသလို Jun ကလည်း မ​မေးခဲ့။ ယုတ်​စွ အဆုံး Xing အ​ကြောင်း​တွေ သိဘဲ Xing ကို ချစ်​ခဲ့မိတာဘဲ။ ​နောက်​မှ သိလိုက်​ရ​တော့ ဘာမှ လုပ်​လို့မရခဲ့။ ဟိုတယ်​ ​ရောက်​​တော့ အခန်းယူလိုက်​ပြီး ၀န်​ထမ်း​ကောင်​​လေးကို အကူအညီ​တောင်းပြီး ယူထားတဲ့ အခန်းကို တတ်​လာခဲ့သည်​။ အခန်းထဲ​ရောက်​​တော့ ၀န်​ထမ်း​ကောင်​​လေးကို ​ကျေးဇူးတင်​စကား​ပြောလိုက်​သည်​။

နှလုံးသား​လေးကို သနားလှည့်​ပါ {Completed}(Zawgyi & Unicode)Where stories live. Discover now