စာစဉ် ၁၃ ( ၁၇ + ၁၈ )
9.4K 1.1K 9
Book. : 13
Chapter. : 17 + 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၁၇။ ဘိုးဘိုး ပြောတာကို နာခံပါမယ်
"ဟားဟား...အဲဒါက ဘယ်လိုလုပ်ပြီးတော့ ပြန်မငြင်းတာ ဖြစ်ရလိမ့်မလဲ။ သူမက အမေနဲ့သမီးကို လူပြက်တွေလိုပဲ သဘောထားထားတာ ။ ကြည့်လေ သူတို့နဲ့ပတ်သက်ပြီး နည်းနည်းလေးမှတောင် ဂရုစိုက်တဲ့ပုံ ပြမလာတဲ့ဟာ...."
"သူလေးကတော့ တကယ့်နတ်ဘုရားမလေးပါကွာ..."
ရီရှောင်အန်းနှင့် လျန်ဝမ်ကျွင်းသည်လည်း လီရွဲ့နှင့်ကျိုးချင်းဂန်တို့ ရီဝမ်ဝမ်ကို ရဖို့ရာ ရန်ဖြစ်နေသည်ကို စောင့်ကြည့်နေရင်း။ သူတို့တွေမှာ အိမ်မက်မက်နေပြီး အရာအားလုံးသည် မစစ်မှန်ဘူးဟုပင် ခံစားမိနေကြ တော့လေသည်။ သူုတို့တတွေမှာ သူုတို့၏ရင်ကို ခွဲသွားခဲ့ကြသည့် သမီးဖြစ်သူနှင့် ဤယခုသမီးပုံစံအား လုံးလုံးလျားလျားပင် ချိတ်ဆက် ကြည့်လို့မရ ဖြစ်လို့နေ၏။
"အဘိုးကြီး ရီ၊ မင်းရဲ့အဖိုးတန် မြေးမလေးကို အင်ပါရီယာမြို့တော် တက္ကသိုလ်ကို လာဖို့ ဖြောင်းဖျပေးပါဦး။ ငါတို့ရဲ့သင်ကြားနည်းစနစ် ဘယ်လောက်မြင့်လဲဆိုတာကို မင်းကိုယ်တိုင်လည်း သိနေတာပဲ" ကျိုးချင်းဂန်၊ သူ့၏တားဂတ်ကို ပြောင်းလိုက်တော့လျက် ရီဟုန်းဝေဘက်သို့ လှည့်မေးလိုက်ခြင်းတည်း။
ချက်ချင်းဆိုသလိုပင် ။ ရီဟုန်းဝေ၊ အဓိကစားပွဲကြီး၏
အာရုံစိုက်ရာ ဖြစ်သွားရတော့လေပြီ။
"ဒါက..." ရီဟုန်းဝေ၊ အနည်းငယ် အံ့အားသင့်သွားရ၏။ သူသည် စိတ်ရှုပ်ထွေးသည့်အကြည့်ဖြင့် တည်တည်ငြိမ်ငြိမ်ရှိလို့နေပါသည့် ရီဝမ်ဝမ်အား လှည့်ကြည့်လိုက်ပေသည်။ လူနှစ်ယောက် ငြင်းခုံ ပြောဆိုနေသည်တို့သည် သူ့အား တုန်လှုပ်သွားစေခြင်း မရှိပါချေ ။
ရီဝမ်ဝမ်က တကယ်ပဲ ဒီလောက်ထူးချွန်တဲ့ရလဒ်ကို ရထားခဲ့တယ်လား။ သူမက တကယ်ကို လူတိုင်း မှန်းထားတာကို ကျော်သွားခဲ့တာပေါ့။