စာစဉ် ၁၃ ( ၁၉ + ၂၀ )
9.8K 1.1K 15
Book. : 13
Chapter. : 19 + 20
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၁၉။ သူမ၏စင်မြင့်
စကားအခွန်းအနည်းငယ်ဖြင့်ပင်၊ ရီဝမ်ဝမ်။
သူမသည်ကသာ သူမကိုယ်ထဲ ရီမိသားစု၏သွေးတို့ စီးဆင်းနေပြီး ရီဟုန်းဝေ၏သွေးသားရင်း မြေးတည်း ဖြစ်သည်ဆိုတာကို
လူတိုင်းအား ရှင်းလင်းအောင်ထုတ်ပြလိုက်ခြင်းတည်း။
ဤသည်ကား သူမ၏စင်မြင့်သာ ဖြစ်သည်။
ရီဝမ်ဝမ်ထံမှ စကားအခွန်းအနည်းငယ်နှင့်
ဖန်ရှုမင်နှင့်လျန်ရှီဟန်၊ ချက်ချင်းဆိုသလို နာမည်အလွဲသုံးစားလုပ်နေကြသူတို့ ဖြစ်သွားကြတော့ပြီ။
ဒီအခိုက်တွင်တော့၊ အမေနှင့်သမီး နှစ်ယောက်စလုံး လုံးဝအတိ အရှက်ရသွားကြတော့လေသည်။ အားလုံးသောဧည့်သည်တော် တို့၏ဝေဖန်သံတို့ကို ရင်ဆိုင်လိုက်ရသည့်အချိန်၊ သူတို့၏မျက်နှာတို့မှာ နီရဲကုန်ကြတော့ပြီး ထပ်စကားဆိုလာရဲခြင်း မရှိကြတော့။
ဖန်ရှုမင်နှင့်လျန်ရှီဟန်တို့ သူတို့၏လက်ဆောင်ကို ဆက်သပေးပြီး သည့်နောက်၊ လက်ဆောင်အပ်နှင်းပွဲသည် ဆက်လက်သွားနေခဲ့ပါ၏။ လူတိုင်းသည်ကတော့ ရီဝမ်ဝမ် ဘာလက်ဆောင်ပြင်လာခဲ့သလဲ ဆိုသည်ကို အလွန်တရာ သိချင်နေကြလေလျက်။
ဥက္ကဌ ထိုင်ခုံပေါ်ကသူ၊ ရီဟုန်းဝေ ကိုယ်တိုင်ပင်လျှင် ရီဝမ်ဝမ်ဘက်သို့ ဆက်တိုက် လှည့်လှည့် ကြည့်လာနေခြင်းပင်တည်း။
ဒီအချက်တွင်တော့၊ သူမ၏နှလုံးသားလေးထဲဝယ် အနည်းငယ် ကူကယ်ရာမဲ့ ခံစားမိသွားရပါတော့သည့် ရီဝမ်ဝမ်။
ဒီအချိန်၊ ဒီအခြေတွင်တော့၊ သူမသည် ဆင်းရဲနေဆဲပင် ဖြစ်ပြီး ဈေးကြီးကြီးလက်ဆောင်ကို ၀ယ်ဖို့ရာ ငွေအမြောက်အမြားတို့ရှိမနေ။ ထို့ကြောင့်၊ သူမသည် အတွေးတွင်သာ ပိုမို၍ အားစိုက်ထည့်နိုင်ပြီး ရှေးဟောင်းဈေးကနေ ဗုဒ္ဓပုတီးလုံးတစ်ချို့တလေကိုသာ ၀ယ်ယူထား နိုင်ခဲ့ပါ၏။ ပြီးနောက်၊ သူမကိုယ်တိုင် ထိုပုတီးလုံးတို့အား ပုတီးကုံး အဖြစ် သီကုံးထားသည်တည့်။ သူမလေးသည် ထိုအထဲတွင် စိတ်ကူးစိတ်သန်းတို့ အများကြီးကို အားစိုက်ထုတ်ထားရသည်ဖြစ်ပါသော်ငြားလည်း ဤသည်မှာ ဈေးတော့မကြီးလှပါချေ။