စာစဉ် ၁၃ ( ၂၁ + ၂၂ )
9.6K 1K 6
Book. : 13
Chapter. : 21 + 22
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၂၁။ ကျောက်မျက်ရတနာ
"နဂါးပျံတက်လာခြင်းက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆရာကြီး အော့ယန်ရဲ့ဂုဏ်အယူရဆုံး အဖိုးတန်ပစ္စည်းပဲ။ သူ တကယ်ပဲ..."
ဧည့်သည်အားလုံး ကြောင်အနေမိလျက်သား။
အော့ယန်ယွီက သူ့ရဲ့နဂါးပျံတက်ခြင်းနဲ့ လဲလိုရအောင် ရီဝမ်ဝမ်၏လက်ဆောင်မှာ ဘာများဖြစ်နေလို့ပါနည်း။
ရီဟုန်းဝေကိုယ်တိုင်သည်ပင် မျက်နှာထက်တွင် ထူးဆန်းနေသည့်အကြည့်တို့ ရှိနေလေရာ၊ ခန်းမထဲက ဧည့်သည်တော်တွေဆိုလျှင်ကား ဆိုဖွယ်ရာမရှိတော့။
"ဟားဟားဟား၊ ရီ ကြီးရာ၊ မင်းပဲ အရင်တုန်းကတော့ င့ါရဲ့ နဂါးပျံတက်ခြင်းကို အရမ်းတွေသဘောကျနေခဲ့တာ မဟုတ်ဘူးလား...လုပ်စမ်းပါကွာ၊ လဲကြရအောင်ပါ"
အော့ယန်ယွီ၊ ရီဟုန်းဝေအား စကားပြောနေပါ၏။ သို့တိုင်၊ သူ၏မျက်လုံးတို့သည်ကား ထိုအရိုးကနေ ခွာခြင်းမရှိ။ မျက်လုံးတစ်လုံးတွင်ကား တပ်မက်လောင်မြိုက်နေပုံပင် ပေါ်နေလျက်။
အဖြေကို အပြေးအလွှား စဉ်းစားလို့နေမိသည့် ရီဝမ်ဝမ်သည်လည်း အော့ယန်ယွီအား ပဟေဠိဖြစ်စွာ ကြည့်လို့နေမိသည်တည့်။
အမ်၊ ငါ ဘယ်သူလဲ။ ငါ ဘယ်ရောက်နေတာလဲ။ ဘာတွေဖြစ်နေတာလဲဟ....
ပန်းပုဆရာကြီး အော့ယန်ယွီက သူ့ရဲ့ နဂါးပျံတက်ခြင်းကို
ငါ ရှေးဟောင်းဈေးကနေ ယွမ်တစ်ရာနဲ့ ၀ယ်လာခဲ့တဲ့
အဲဒီဟာနဲ့ လဲချင်နေတယ်။ ဘာကြီးလားဟ ?
"ရီ ကြီး၊ ဆုံးဖြတ်ပြီးသွားပြီ။ ငါ ဒါကို ယူသွားမယ်၊ ပြီးတော့ နဂါးပျံတက်ခြင်းကို မနက်ဖန် ဒီကို တစ်ယောက်ယောက်နဲ့ ပို့ပေးခိုင်းလိုက်မယ်" ထိုအရိုးအား ဖက်တွယ်ထားပါသည့် အော့ယန်ယွီ။ သူသည်ကား ဒါကို ပြန်ပေးချင်ဟန်မတူ။
ရီ မိသားစု၏ခေါင်းဆောင်၊ ရီဟုန်းဝေသည်ကား အလွန်တရာပင် ထက်မြက်စူးရှသူ ဖြစ်လေရာ။ ချက်ချင်းပင် ပြောလိုက်ပါ၏ ။
"ငါ့ကို ပေးပါဦး"