စာစဉ် ၁၄ ( ၃ + ၄ )
9.6K 1K 10
Book. : 14
Chapter. : 3 + 4
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၃။ ရင်သပ်ရှုမောဖွယ်ရာ မွေးနေ့လက်ဆောင်
အနည်းငယ် မူးနေဟန်ရသည့် ရီမူဖန်။ သူ့၏မျက်လုံးတို့မှာ လှောင်ပြောင်ရိပ်တို့ ပြည့်လျှမ်းလာလျက်၊ အသံတိုးတိုးဖြင့် ရှုတ်ချပြောဆိုလာ၏။
"ကျွတ်စ်၊ ကာကွယ်မယ်။ မင်းတစ်ယောက်တည်းနဲ့လား။ မင်းက ဘယ်လိုကာကွယ်ပေးဦးမှာလဲ...ငါတို့ရဲ့မိသားစုက ပြီးသွားပြီ... ဟိုးကတည်းက အားလုံး ပြီးသွားခဲ့ပြီ...အားလုံး ပြီးသွားခဲ့ပြီကွ.."
ယခုတွင်၊ သူတို့ထံ၌ ဘာဆိုဘာမျှပင် ရှိမနေတော့လေရာ။
သူတို့တွေ ဒုတိယဦးလေး၏မိသားစုအား တိုက်ခိုက်နိုင်တော့ရော ဘာအကျိုးရှိပါမည်နည်း။ သူတို့ရဲ့ပိုင်ဆိုင်မှုဆိုတာတွေရော
ဘယ်လိုများ ပြန်ယူနိုင်ပါလိမ့်မည်နည်း...?
ကျွတ်စ်၊ အရမ်းပဲ ဦးနှောက်မရှိလိုက်တာ...
ရီမူဖန် ပြောပြီးသည့်နောက်၊ စားပွဲသည် တစ်ဖန်ပြန်လည် ဆိတ်ငြိမ်ခြင်းသို့ ရောက်သွားပြန်သည်။
ဒီအခိုက်၊ အဓိကစားပွဲကြီးဆီကနေ ရုတ်တရက် အံ့သြသံတို့ ထွက်ပြူလာကြသည် ဖြစ်၇ာ ။
ချက်ချင်းဆိုသလိုပင်၊ ဧည့်သည်တော်တွေအားလုံး အဓိကစားပွဲကြီးရှိရာဆီသို့ လှည့်ကြည့်လာကြတော့၏။
ရီယီယီနှင့် ဂူရွဲ့ကျီတို့သည် မှုတ်ဆေးနဲ့ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်အား ထုတ်ယူလိုက်ပြီး လိပ်ဖြေမလို့
လုပ်နေလျက် ။
ပန်းချီကားပေါ်က စကားလုံးတို့သည်ကား ရိုးရှင်းပြီး အလှဖော်
မထားသည့် အငွေ့အသက်တို့ကို ပေးစွမ်းလို့နေ၏။ သို့သော်၊ ကြည့်ရှုနေရသူအဖို့ကား ပန်းချီကားထဲ စီးဝင်သွားစေပြီး ဟိုးရှေးခေတ်က မြင်ကွင်းတို့ကို တွေ့ကြုံခံစားရစေသည်တည့်။
အချိန်အကြာကြီးကြာအောင်ပင် စိုက်ကြည့်ငေးမောမိနေပါသည့် ရီဟုန်းဝေ။ သူ၏မျက်ဝန်းထဲတွင် အံ့သြမှုအမျှင်တန်းလေး ထွက်ပြူလာလေပြီ။