စာစဉ် ၁၄ ( ၅ + ၆ )
9.6K 1K 25
Book.              :   14
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၅။ သူငယ်ချင်းလေး ၀မ်ဝမ်က တောင်းဆိုထားခြင်း
အချိန်အကြာကြီးကြာပြီးသည့်နောက်၊ နောက်ဆုံးတွင်မှ ရီဟုန်းဝေ၏မျက်လုံးတို့ ပန်းချီကားနှစ်ချပ်ဆီမှ ခွာနို်င်ခြင်းဖြစ်၏ ။
သူ ထုတ်ဖော်မပြောဘဲ မနေနိုင်တော့။
“ဆရာကြီး မေး ရဲ့လက်ရာတွေကတော့ တကယ်ကို မျက်စိပွင့်နားပွင့်စေပါတယ်ခင်ဗျာ။ အံ့သြဖို့ကောင်းတယ်…. အံ့သြဖို့ကောင်းလှပါတယ်…”
“ဒီပန်းချီကားကို ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးလို့ ခေါ်ပါတယ် -- နဂါးက ကောင်းကင်ဘုံကို ကာကွယ်ပေးထားပြီးတော့
ကျားက ကမ္ဘာမြေကြီးကို စောင့်ရှောက်ပေးထားတယ်။
ကြည့်လိုက်ရင် ပန်းချီကားနှစ်ချပ်သပ်သပ်စီလို့ ထင်ရပေမယ့်။ တကယ်တမ်းကျတော့၊ ခင်ဗျား သူတို့တွေကို အတူတူထား ကြည့်လိုက်မယ်ဆိုရင် ပန်းချီကားချပ်ကြီးတစ်ချပ်လုံးပဲ ဖြစ်လာလိမ့်မယ်” မေးကျင်းကျိုး ပြုံးပြပြောဆိုလာ၏။
“ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး…နဂါးက ကောင်းကင်ဘုံရဲ့ဘုရင် ဖြစ်ပြီးတော့ ကျားက ကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက်ပေး တယ်… သိပ်ကိုကောင်းတဲ့နာမည်ပဲ”
ထိုလူကြီးတို့အဖွဲ့ စတင်မှတ်ချက်ပြုလာကြတော့ပြီ။
“မစ္စတာ ရီ၊ ကျွန်တော့်မှာ ဒီပန်းချီကားနှစ်ချပ်ကို ခင်ဗျားကို မွေးနေ့ လက်ဆောင်ပေးလိုပါတယ်။ ခင်ဗျားအနေနဲ့ လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်” မေးကျင်းကျိုး ပြောလာခြင်းပါတည်း။
“ဒါက…အရမ်းကြီးများလွန်း….”
ရီဟုန်းဝေ၊ ချွင်းချက်မရှိ ၊ ပျော်ရွှင်လို့နေပါသော်လည်း ထိုဈေးကြီးလှသည့် လက်ဆောင်အား သဘာဝအတိုင်း ငြင်းဆိုနေခြင်းပါတည်း ။
“မစ္စတာ ရီ၊ ခင်ဗျားက အရမ်းကို ကြင်နာလွန်းတာပဲ။
ဒါတွေက ကျွန်တော် ပျင်းပျင်းရှိတာနဲ့ လုပ်ထားခဲ့တဲ့ လက်ရာတချို့တလေလေးပါပဲဗျာ။ ခင်ဗျား ကြိုက်တယ်
ဆိုရင် ကျွန်တော်အနေနဲ့ ပျော်မိပါပြီ”
မေးကျင်းကျိုး ရယ်မောပြောဆိုလာလေရာ။