စာစဉ် ၁၄ ( ၇ + ၈ )
9.5K 1.1K 2
Book.              :   14
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၇။ ၀မ်ဝမ်အပေါ် လေးစားမှု
မေးကျင်းကျိုး မျက်ခုံးတို့ ကြုတ်လာတော့ပြီး
စိတ်ရှုပ်ထွေးဟန် ပေါ်လာကာ။
“မိန်းကလေး ရီ ဘယ်သူ့အကြောင်းကို ပြောနေတာလဲဆိုတာကို ကျွန်တော် တကယ်ပဲ မသိတာပါ”
မေးကျင်းကျိုးသည်ကား သဘာဝကျစွာ စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ရှိနေဆဲ ။ ဤသည်ကို မြင်လိုက်ရသည့်အချိန်၊ ရီဝမ်ဝမ်၊ လုံးဝအတိပင် ဆွံ့အသွားရတော့လေပြီ။ သူမသည်ကား မေးကျင်းကျိုးလိုလူနှင့် လုံးဝ ဘယ်တုန်းကမှ မသိကျွမ်းခဲ့ဘူးဆိုသည်ကို သေချာနေပါ၏။ သို့သော်၊ အခွင့်အရေးသည်ကား မရှိတော့ပါချေ။
သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိသည်ကား။
ဒီဆရာကြီးက အ၇မ်းကို သရုပ်ဆောင်ကျွမ်းလှချည်လား။ သူ့ရဲ့သရုပ်ဆောင်စကေးက အရမ်းကိုကောင်းလွန်းမနေဘူးလား၊ ဟမ် ။
ရှိစေတော့။ သူ့ဘက်က ၀န်ခံဖို့ ငြင်းနေပြီဆိုမှတော့
ငါ အတင်းဆက်မေးနေလည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး။
လက်လျှော့လိုက်ရုံသာတတ်နိုင်ပါသည့် ရီဝမ်ဝမ်။
သူမ ၊ သူမ၏မိဘတို့ဆီ ပြန်သွားတော့လေပြီ။
အခုတခနလေး ရီဝမ်ဝမ်အား စိုက်ကြည့်လို့နေနေပါသည့် ဂူရွဲ့ကျီ။ သူမလေးနှင့် ထိုဆရာကြီးတို့ ပျော်ရွှင်စွာ စကားဆိုနေကြသည်ကို မြင်နေရသည့်အခါ သူ့ရဲ့မျက်နှာမှာ အရုပ်ဆိုးလာတော့ချေ၏။
အဓိကဖြစ်နိုင်သည်မှာ တစ်ခုတည်းသာ ရှိချေသည်။ ရီဝမ်ဝမ်သည် ဘယ်လောက်ပင် စွမ်းဆောင်နိုင်သည်ဆိုပါစေဦး ၊ မေးကျင်းကျိုးလို လူအား မွေးနေ့ပွဲသို့ တက်ရောက်လာပါရန် ဖိတ်ကြားနိုင်ဖို့ဆိုသည်မှာ သူမအတွက် မဖြစ်နိုင်သည်တည်းပင်။
အင်ပါရီယာမြို့တော်ကြီးတစ်ခုလုံးတွင် မေးကျင်းကျိုးအား ဖိတ်ကြားနိုင်စွမ်းရှိသည်မှာ တစ်ယောက်တည်းသာလျှင် ရှိချေသည်….