စာစဉ် ၁၄ ( ၉ + ၁၀ )
9.5K 1.1K 19
Book.              :   14
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၉။ ကိုကို့အပူ မပါဘူး
“မင်း….” ရီမူဖန်၊ ဒေါသတို့ ထွက်လာရတော့ပြီ။
“ကောင်းပြီ၊ ကောင်းပြီ။ မေမေတို့မိသားစု ဒီနေ့ ဒီလိုမျိုး အတူရှိနေဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။
ရန်ဖြစ်နေတာ ရပ်ကြတော့”
လျန်ဝမ်ကျွင်း၊ မောင်နှမနှစ်ယောက် ထပ်တစ်ဖန်
စတင်ရန်ဖြစ်လာ သည်ကို မြင်လိုက်ရသည်မို့
လျင်လျင်မြန်မြန်ဖြင့် ကြားဝင်ပြောဆိုလိုက်ခြင်းပါတည်း။
ရီမူဖန်၊ သူ့ရဲ့ကိုယ်တွင်းက တောက်လောင်နေသည့် ပြင်းစွာသောဒေါသတို့ကို မြိုသိပ်ထားလိုက်တော့ပြီး
သူ့ရဲ့ဝိုင်ကိုသာ မရပ်တန်းဆက်သောက်နေတော့လေသည်။
ဒီအချိန်၊ ပွဲတော်သည်ကား တစ်ဝက်ကျိုးလာခဲ့ချေပြီ။
ရီယီယီ၊ မိုက်ကရိုဖုန်းအား ယူလိုက်တော့ပြီး ဧည့်သည့်တော်တို့အား ဖျော်ဖြေရာ စင်မြင့်ထက်တွင် မတ်တပ်ရပ်လိုက်၏။ ပြီး၊ မွေးနေ့ ဆုမွန်တို့အား ရွတ်ဖတ်ပေးလာ၏။ ဤသည်မှာ သဘာဝကျလှစွာ၊ တင့်တယ်ကျက်သရေဖြာလှစွာ၊ တည်ကြည်ခန့်ညားစွာပါတည်း။
ရီရှောင်အန်း၊ သူ့ဇနီးဖြစ်သူနှင့်အဘွားဖြစ်သူမှာ နှင်းကြောင့် မြန်မြန် ပြန်မလာနိုင်သည်တည်းမို့၊ ဒီမွေးနေ့ပွဲတော်ကြီးကို အစကနေအဆုံး အထိ ရီယီယီတစ်ယောက်တည်း စီစဉ်ကြပ်မတ်ထားခဲ့ရခြင်း ဖြစ်ပါ၏။ သို့တိုင်၊ အရာရာသည် ရှင်းရှင်းလင်းလင်းနှင့် အစီအစဉ်တကျ ရှိလေရာ၊ အဓိကဧည့်သည်တော်ကြီးဖြစ်သည့် အဘိုးမှာ အလွန်အမင်း စိတ်ကြည်နူးလို့နေလေ၏။
ဧည့်သည်တော်တိုင်းသည် ရီယီယီအပေါ် ချီးမွမ်းမှုအပြည့်ပါသည့် မျက်လုံးတို့ ရှိလို့နေကြလျက်။ “သူမက တကယ်ကိုပဲ ရီ တစ်မိသားစုလုံးထဲမှာ အကြီးအကဲကြီးရဲ့အမြတ်နိုးဆုံးမြေးမလေး ဖြစ်ထိုက်ပါပေ့ -- သူမက အိမ်တော်ကိုတောင် ဦးစီးနိုင်နေပြီပဲ။ တစ်ယောက်ယောက်ကသာ သူမလိုမျိုး ဇနီးမယားလိမ္မာလေးကို လက်ထပ်ယူနိုင်မယ်ဆိုရင် သူကတော့ တကယ့်ကို ကံကောင်းတာပဲ”