စာစဉ် ၁၄ ( ၁၁ + ၁၂ )
9.6K 1.2K 22
Book.              :   14
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၁၁။ တစ်ယောက်သောသူကို ချစ်မိသွားပြီ
သူမ၏ကိုယ်ရောင်ကိုယ်ဝါမှာ အနည်းဆုံးထားပြောမည်ဆိုလျှင်ပင်
ရီယီယီ အောက် ရောက်မနေခြင်း ။ သူမလေး၏တည်ငြိမ်လှပါသော၊ ပေါ့ပါးအေးဆေးလှပါသော အမူအရာသည်ကား အိမ်တော်ကြီးတစ်ခုကို ဦးစီးဦးဆောင်ပြုနေရသည့်သူ အလားသဏ္ဍာန်နှယ်။
သူမ ၊ နှုတ်ဆက်စကားတစ်ချို့ ဆိုပြီးသည့်နောက်၊
ရီဝမ်ဝမ်၊ အဓိကအချက်ကို ပြောလာ၏။
“ဒီနေ့ ကျွန်မရဲ့မိသားစုနဲ့ ကျွန်မရဲ့မိတ်ဆွေသူငယ်ချင်းတွေအားလုံး ဒီနေရာမှာ ရောက်နေကြခိုက်မှာ ကျွန်မအနေနဲ့ လူကြီးမင်းတို့ရဲ့အချိန်ကို နည်းနည်းလောက်ဖဲ့ယူပြီး ကြေညာချက်တစ်ခုထုတ်ချင်မိပါတယ်”
ကြေညာချက်ထုတ်မယ် ?
ရုတ်ခြည်းပင်၊ ခန်းမအတွင်း တီးတိုးသံတို့ ပျံ့လွင့်လာကြတော့ပြီး
ရီဝမ်ဝမ် ဘာလုပ်ဖို့ စီစဉ်နေသည်လဲဆိုသည်ကို သိချင်နေကြတော့ လေပြီ။
ဒီအချိန်၊ အဘိုးဖြစ်သူ သခင်ကြီးသည်ကား အိမ်တော်ထိန်း ဟွမ်မင်းကွမ်အား ခေါ်လိုက်ကာ အခြေအနေအရပ်ရပ်အတွက် အဆင်သင့်ပြင်ခိုင်းတော့လေ၏။
တောက်ပသောအရောင်တန်းလေးတစ်ခု၊ ဟွမ်မင်းကွမ်၏မျက်လုံးထဲ ဖြတ်ပြေးသွားတော့ပြီး ၊ ချက်ချင်းဆိုသလိုပင် လုံခြုံရေးဝန်ထမ်း တစ်ဖွဲ့အား အနီးအနားကို အသင့်ခေါ်ထားလိုက်တော့သည်တည့်။
ရီမူဖန်သည်ကား စင်မြင့်ထက်ကို စိုက်ကြည့်လို့နေရင်း
ဝိုင်တစ်ဖန်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ချပစ်
နေမိလေသည်။
ရှင်းလင်းပြီး သာယာနာပျော်ဖွယ်ရာဖြစ်သည့် အသံလေးတစ်သံ ခန်းမကြီးထဲ ပဲ့တင်ရိုက်ခတ်လာလေပြီ။
“ကျွန်မနဲ့ ဂူအုပ်စုရဲ့ဥက္ကဌ၊ ဂူရွဲ့ကျီ နဲ့ စေ့စပ်ထားကြတယ်ဆိုတာကို
လူတိုင်း သိကြပြီးသားပါ”