စာစဉ် ၁၄ ( ၁၃ + ၁၄ )
10.1K 1.1K 16
Book. : 14
Chapter. : 13 + 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၁၃။ တွေ့ဖို့ သူ့ကို အိမ်ခေါ်လာခဲ့ပါမယ်
"မင်း...."
အခုချက်ချင်းပင် မျက်လုံးပြူးကျယ်ရှော့ရသွားရတော့သည့် ရီမူဖန်။ ရီဝမ်ဝမ်အား သရဲတစ်ကောင် တွေ့မြင်လိုက်ရသည့်အလားနှယ် ကြည့်လို့နေရင်း။
လျန်ကျွင်းဟောင်နှင့်ရီရှောင်ထင်းတို့၏မျက်နှာတို့သည်လည်း အံ့သြဆွံ့အမှုတို့ ပြည့်လျှမ်းသွားကြတော့ပြီ -- သူတို့တွေသည် သူတို့၏သမီးလေး ထိုသို့လုပ်ချလာလိမ့်မည်ကို မျှော်လင့်မိထားခြင်း မရှိကြသည်ကား သိသိသာသာ။
"၀မ်ဝမ်၊ သမီး... သမီး ခုနက ပြောသွားတာတွေအားလုံးက အမှန်တွေပဲလား" လျန်ဝမ်ကျွင်း စိတ်လှုပ်ရှားစွာဖြင့် မေးလာခြင်း။
ရီဝမ်ဝမ်၊ ဒီအကြောင်းအား အစောကတည်းကပင် သေသေချာချာ စဉ်းစားထားခဲ့၏။ သူမ၏မိဘတို့နှင့် အနေဝေးကွာ ဆက်ဆံရေးကျဲ တောက်နေခဲ့သည်တို့ကြောင့် ဘာပဲလုပ်လုပ် ကိစတို့ မရှိခဲ့ပါချေ။ သို့သော်၊ ယခုတွင်တော့၊ စီရီဟန်နှင့် သူမ ရှိနေသည့် ကိစအား ဆက်ဖုံးကွယ်ထားဖို့ရာ အလွန်ခက်ခဲသွားပေပြီ -- သူတို့တွေသည် အနှေးနဲ့အမြန်ပင် သိရှိသွားကြပေလိမ့်မည်တည်း။
နောင်တွင် သူမနှင့်ပတ်သက်ပြီး သူမမိဘတတွေမှာ ခန့်မှန်းချက်ရိုင်းတို့ ရှိနေကြမည်ထက်စာလျှင် အန္တရာယ်အား အခုပင် ကြိုတင်ငြိမ်းသတ် ထားသည်က ပိုကောင်းသည်တည့်။
ထို့ကြောင့်၊ ရီဝမ်ဝမ် ခေါင်းညိတ်ပြကာ ပြောပြလိုက်သည်။
"ဖေဖေ၊ မေမေ၊ အမှန်တွေပါ"
မမျှော်လင့်ထားမိသည့် သတင်းကြောင့် အပျော်ကြီးပျော်သွားမိရတော့ သည့် လျန်ဝမ်ကျွင်း။ "သူက ဘယ်ကလဲ။ အသက်ဘယ်လောက် ရှိပြီလဲ။ ဘာအလုပ်လုပ်လဲ။ ယုံကြည်ရရဲ့လား"
ရီဝမ်ဝမ်၊ မတတ်နိုင်စွာ ပြန်ဖြေလိုက်၏။
"*အဟွတ်* မေမေ၊ ဒီနေ့တော့ အသေးစိတ်ပြောပြလို့ မကောင်းဘူး။ နောက်တစ်ခေါက်ကျရင်၊ သမီး အကုန်လုံးကို ရှင်းပြပြီးတော့ မေမေ တို့နဲ့ မိတ်ဆက်ရအောင် သမီး သူ့ကို အိမ်ခေါ်လာပေးမယ်နော်"