စာစဉ် ၁၄ ( ၁၇ + ၁၈ )
9.6K 1K 19
Book.              :   14
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၁၇။ ဒီလိုစိတ်ညစ်စရာလူမျိုး တကယ်၇ှိနေတယ်လား
ရီဝမ်ဝမ်၊ အသက်၇ှူတစ်ခါစာမျှအတွင်းမှာပင် အစားအစာတွေ မြောက်မြားစွာကို မှာယူလို့နေ၏။ သူမလေးသည် ဒါတွေအားလုံးကို ကိုယ့်ကိုယ်ကိုအတွက် ဆုလာဒ်တစ်ခုအနေနဲ့ မှတ်ယူထားခြင်းဖြစ်၏။ ဒါ့အပြင်၊ ဒါသည် ဒီလိုနေ၇ာမျိုးမှာ မှာယူခြင်းက အလွန်တရာ ဈေးကြီးလှသည်လည်း မဟုတ်ခြင်းကြောင့်ပါပင်။
သူဌေးသည် ၇ီဝမ်ဝမ်အား စုန်ချည်ဆန်ချည် ကြည့်လို့နေမိတော့၏ -- ဒီနေ့ခေတ်မိန်းကလေးတွေသည် ၀ိတ်လျှော့လေ့ရှိကြသည်ချည်းပင်။ ထို့ကြောင့်၊ ဒီလိုမျိုးကွဲထွက်စွာ ပြုမူနေသည့်တစ်ယောက်ယောက်အား မြင်ရဖို့ရာ သူ မမျှော်လင့်ထားခဲ့မိသည်ပင်။
ဟုတ်တာပေါ့။ သူဌေးတစ်ယောက်အနေနဲ့၊ ဒီလိုကတ်စတန်မာမျိုးကို သူ တကယ်ကြီး ကြိုက်တာပေါ့။
“ဟုတ်ကဲ့၊ လာပါပြီခင်ဗျ”
အစားအသောက်တန်းသည်ကား အနည်းငယ်အလုပ်များလှရာ။
ဒီတော့၊ သူဌေးသည် ကြာကြာ နေနိုင်ခြင်းမရှိဘဲ ရီဝမ်ဝမ်ရဲ့အမှာကို ရပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားတော့လေသည်။
ရီဝမ်ဝမ်၊ သူမ၏ဖုန်းအား ထုတ်လိုက်တော့ပြီး စီရီဟန်ဆီ မက်ဆေ့ခ်ျ ပို့ဖို့ရာ စိတ်ကူးမိလိုက်ခိုက် ။ သို့သော်၊ ရုတ်တရက်ကြီး တစ်မျိုးဘာသာ ရင်းနှီးနေသော အသံတစ်သံသည် သူမ အနောက်နားဆီကနေ ထွက်လာချေသည်။
“သူဌေး၊ ကျွန်တော့်ကို ဖက်ထုပ် ၅ ပန်းကန် ပေးဗျာ”
ရီဝမ်ဝမ် ၊ ဘေးကို ကြည့်လိုက်ချေ၏။ မြင်လိုက်ရသည်ကား၊ စုတ်ပြဲနေပြီး ဟောင်းနွမ်းနေသည့် ချည်ထည်အပေါ်ထပ် ၀တ်ဆင်ထားပါသည့် လူငယ်ယောကျာ်းလေးတစ်ယောက် အစားအသောက်တန်းထဲ လျင်မြန်စွာလျှောက်ဝင်လာနေခြင်းပင်။
“အမည်မရှိသော….နန်”
ရီဝမ်ဝမ်၊ အံ့အားသင့်မိသွားတော့သည်။