စာစဉ် ၁၄ ( ၁၉ + ၂၀ )
9.4K 953 18
Book.              :   14
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၁၉။ ဒီအဖွဲ့ ဘယ်သူ့ကို ရှာနေကြတာလဲ
သူတော်စင်သိုင်းပညာရှင်လေးသည် သူ့ရဲ့ရှည်လျားသည့်ကြာပွတ်အား အောက်သို့ချလိုက်ပြီး ချစ်စရာကောင်းသည့်လူငယ်ထံ ကြည့်လာကာ။
“အသုံးမကျတဲ့အခြောက်ကောင်၊ ဒီဆင်းရဲတဲ့သူတော်စင်လေးက မင်းရဲ့ လကဏာကို ဖတ်ကြည့်ပြီးပြီ -- နောက်ရက်အနည်းငယ်အတွင်းမှာ မင်း သွေးထွက်သံယို ဖြစ်လိမ့်မယ်”
ချစ်စရာကောင်းသောယောကျာ်းလေးသည် လှောင်ပြောင်ပြောဆိုလာ တော့၏။“မင်းကိုယ်မင်း တကယ်ကြီးများ သူတော်စင်တစ်ယောက်လို့ ထင်နေတာလား၊ အရူးကောင်”
သူတော်စင်သည် ဒါကို ကြားလိုက်ရသည့်အခိုက်၊ သူ့ရဲ့ချစ်စရာကောင်းသည့်မျက်နှာမှာ မည်းမှောင်ပြီး မကောင်းဆိုးဝါးဆန်သည့်အပြုံးအဖြစ် ပြောင်းလဲသွားတော့ပြီး။
“မင်း….သေချင်နေတာလား”
“အိုး….စမ်းကြည့်စမ်းပါ” ထိုလူသည် စနောက်ပြောင်နေသည့်
အကြည့်တစ်ချက် ပစ်လွှတ်လိုက်တော့၏။
သူ့ရဲ့မျက်လုံးတို့သည်ကား ဓားထိပ်ပိုင်းအလားနှယ် ချွန်မြလို့နေလျက်။
သူသည်ကား အစောနကလူနှင့် လားလားမျှပင် မဆိုင်တော့သည့် ပုဂ္ဂိုလ်အလားနှယ် ဖြစ်သွားတော့ချေပြီ။
“ဟွားဟွား၊ သူက တစ်နိုင်ငံလုံးကိုပါ ဖျက်ဆီးလာခဲ့တဲ့သူ။
မင်း သူနဲ့ စမ်းမကြည့်လိုက်တာက ပိုကောင်းမယ်ထင်တယ်” စိတ်ကောင်းသဘောကောင်းဖြင့် သူ့အား သတိပေးလာသည့် နိုင်ငံခြားသားပါပင်။
“ဟားဟား၊ သူက…” ဟွားဟွား အမည်ရသည့် ချစ်စရာကောင်းသော ယောက်ျားလေးသည် သူ့ရဲ့ဝမ်းပိုက်အား ပုတ်ကာ အကြီးအကျယ် ရယ်မောချလာတော့၏။ သူ တစ်ခုခုအား ပြောတော့မည်ရှိသေး။ အမည်မရှိသောနန်၊ သူ့ရဲ့လက်ချောင်းတို့နှင့် စားပွဲပေါ် တောက်ခနဲ အသံပြုလိုက်တော့ပြီး။
“အားလုံးပဲ၊ ပါးစပ်ပိတ်ကြစမ်း” အမည်မရှိသောနန်သည် စိတ်ညစ်ညူးစွာဖြင့် စကားဆိုလာရာ။