စာစဉ် ၁၄ ( ၂၁ + ၂၂ )
9.7K 963 4
Book.              :   14
Chapter.          :  21 + 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၂၁။ ဒီကမ္ဘာပေါ်က ဒဏ္ဍာရီလာသူရဲကောင်း
“မင်း…တစ်နေ့လုံးလုံး အုတ်ခဲသယ်ပေးခဲ့တာ။
သူဌေးက မင်းကို ၁၀ ဒေါ်လာပဲ ပေးခဲ့တယ်လား” အမည်မရှိသောနန်းကား သွေးအန်ထွက်တော့မတတ် ဖြစ်နေချေလေပြီ။
“နောက်တစ်ခါကျရင် အုတ်ခဲတွေ ဒီထက်အများကြီး သွားသယ်ပေး လိုက်။ သူုတို့တွေအတွက် အုတ်ခဲ ၁ သိန်းလောက် သယ်ပေးလိုက် စမ်း !”
“ကောင်းပါပြီ၊ ကပ္ပတိန်”
နိုင်ငံခြားသားသည် တစ်ဆက်တည်း ခေါင်းညိတ်ကာ
ဆိုလာလေသည်။
“ကပ္ပတိန်၊ ကပ္ပတိန်ရော ဒီနေ့ ပိုက်ဆံရှာလာခဲ့လား” သူတော်စင်လူငယ်လေးသည် သိချင်စွာဖြင့် မေးလာရာ။
“ကျွတ်စ်…ပိုက်ဆံရှာတာလား” အမည်မရှိသောနန်၏နှုတ်ခမ်းထောင့်တို့ ကွေးတက်သွားချေတော့ပြီး။ သူ့ရဲ့လက်အား ရှပ်အကျီင်္ထဲ နှိုက်လိုက်ကာ ဂုဏ်ယူစွာဖြင့် ဒေါ်လာ ၁၀၀ အား နှိုက်ယူလာလေသည်။
အမည်မရှိသောနန်၏လက်ထဲတွင် ဒေါ်လာ ၁၀၀ ကြီးများတောင် ပါလာသည်ကို မြင်လိုက်ရသည့်အချိန်၊ သူုတို့လေးဦးသား တစ်တန်းတည်းညီညီညာညာ ဖြစ်သွားကြချေတော့ပြီး သံပြိုင်ဆိုလာကြတော့သည်ကား။
“သေခြင်းတရားရဲ့ကပ္ပတိန်၊ အရည်အချင်းရှိပြီး ခန့်ထည်တယ်။ မိုက်တယ် မိုက်တယ် မိုက်တယ် မိုက်တယ်၊ သန်မာတယ် သန်မာတယ် သန်မာတယ် သန်မာတယ်”
“ကပ္ပတိန်က အံ့သြဖို့ကောင်းလိုက်တာ ~ ကျွန်တော် ကပ္ပတိန်ကို ချစ်စရာကောင်းတဲ့အနမ်းတစ်ပွင့် ပေးချင်တယ်~” ချစ်စရာကောင်းသောယောကျာ်းသည် အမည်မရှိသောနန်၏
လက်အား ဆွဲကိုင်လိုက်လေရာ။
ဖြောင်းခနဲ လက်ဝါးရာတစ်ချက် သူ အကျွေးခံလိုက်ရတော့သည်တည့်…
ရီဝမ်ဝမ်၊ အမည်မရှိသောနန်၏လက်ထဲက ဒေါ်လာ ၁၀၀ အား ကြည့်နေမိရင်း….
ဒါ ငါ လက်ဆောင်ဝယ်သွားခဲ့တဲ့ ဒေါ်လာ ၁၀၀ များ ဖြစ်နေမလား၊ မဟုတ်လောက်ပါဘူးနော် ။