စာစဉ် ၁၅ ( ၁ + ၂ )
10K 1K 1
Book.              :   15
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၁။ မင်းရဲ့အကျီင်္ကို ချွတ်လိုက်
ဒက်ဇလင်း မီဒီယာ ။
လျိုချန်း၊ ကုမ္ပဏီထဲ ခြေချလိုက်သည်နှင့် လူတိုင်း၏အာရုံစိုက်မှုကို ရရှိသွားတော့လေပြီ။
အရင်တုန်းကး သူ့အား တစ်ချက်လေးမျှပင် အဖက်လုပ်ကြည့်လာခြင်း မရှိခဲ့ပါသည့် ထိုထိုလူသစ်လေးတွေနှင့် အလုပ်သင်တို့မှာ ယခုတွင် တော့ သူ့အား အပြေးအလွှား ဆီးကြိုနှုတ်ဆက်လို့နေကြလေ၏။
“မင်္ဂလာ နံနက်ခင်းပါ၊ အစ်ကို လျိုချန်း”
“မင်္ဂလာနံနက်ခင်းပါ၊ စီနီယာ လျိုချန်း”
“မင်္ဂလာပါ စီနီယာ။ ညီမ အကို့ရဲ့Weibo မှာတင်ထားတဲ့ ပို့စ်ကို တွေ့တယ်။ အရမ်းကို မိုက်တယ် စီနီယာ”
“ဒီတစ်ခေါက် လျိုချန်းရဲ့ဇာတ်ကောင်နေရာကို အကို သေချာပေါက် ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ် စီနီယာ လျိုချန်း”
ရက်အနည်းငယ် ရှိလာခဲ့ပြီဖြစ်နေသော်ငြားလည်း၊ လျိုချန်းကား သူ၏အခုလက်၇ှိ အဆင့်အတန်းနှင့် အကျွမ်းဝင်နေခြင်းမရှိပေ။ လူတိုင်း၏ဖော်လံဖားချီးမွမ်းစကားတို့အား အနည်းငယ် စိတ်မသက်မသာတည်းပင် ဖြစ်လို့နေချေ၏။ သူရဲ့နှုတ်ခမ်းအား ကိုက်ဖိလိုက်ရင်း သူ့ရဲ့ပရိသတ်တို့အပေါ် အာရုံစိုက်မနေတော့ဘဲ အပေါ်ထပ်ရုံးခန်းရှိရာဆီ ခပ်သွက်သွက်အလျင်အမြန် တချိုးတည်းး လျှောက်သွားတော့လေပြီ။
တခြားတစ်ဖက်တွင်ရှိနေသည့် ထောင့်ဆီတွင်၊ လင်းဟောင် ၊
လျိုချန်း ရှိရာဘက် စိုက်ကြည့်လို့နေလျက်။ သူ့ရဲ့မျက်လုံးတို့သည်ကား မှောင်မှိုင်းမှုတို့ဖြင့် ပြည့်လွှမ်းလို့နေချေသည်။
လင်းဟောင်ရဲ့ဘက်တွင် ရပ်တည်နေခဲ့ကြပါသည့် တက်သစ်စ သရုပ်ဆောင်လေးတွေသည် သူ့တို့ရဲ့စကားတို့ကို ပြန်ရုတ်သိမ်း သွားတော့ကာ တရုံးရုံး တစုစု လုပ်လို့ အသံတိုးတိုးဖြင့် စကားပြောနေကြလေ၏။