စာစဉ် ၁၅ ( ၃ + ၄ )
9.7K 1K 4
Book.              :   15
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၃။ မင်းတို့ရဲ့သူဌေးက အ၇မ်းကြီးကို ချစ်ဖို့ကောင်းလွန်းတယ်
မန်နေဂျာများတွင် အလုပ်ချိန်ကန့်သတ်ထားခြင်း မရှိလေရာ၊ တစ်နေကုန်လုံး ရုံးခန်းထဲတွင် ထိုင်နေစရာမလိုပါချေ။ ရီဝမ်ဝမ်၊ လျိုချန်း၏ထရိန်နင်အချိန်ဇယားအား စီစဉ်ပေးပြီးသွားသည့်နောက်၊ သူ့အတွက် ခန္ဓာကိုယ်လေ့ကျင့်ခန်း၊ အစားအသောက်တို့နှင့် ပတ်သက်သည်တို့အား စီစဉ်ပေးပြီးသည့်နောက်၊ ရိုက်ကူးရေး ကြော်ငြာတစ်ချို့တို့နှင့် ချိတ်ဆက်ထားပေးပြီးသည့်နောက်၊
သူမသည် တက္က္ကစီတစ်စီးကိုငှားလို့ စီ ကော်ပိုရေးရှင်းကြီးဆီ ထွက်ခွာသွားတော့လေပြီ။
အတွင်းရေးမှူးသည် သူမအား ဥက္ကဌ ရုံးခန်းရှိရာဆီ တိုက်ရိုက်ပင် လိုက်ပို့ပေးလေသည်။
ဒီလူနှင့် ထူးခြားသည့်ဆက်ဆံရေး ရှိနေသည့် ဥက္ကဌ ထံတွင်
ယနေ့ တစ်ခုခုတော့ဖြစ်နေပုံရသည်ကို အာရုံခံမိဟန်တူ၏။ အတွင်းရေးမှူးလေး မေးမြန်းစူးစမ်းဖို့ရာ ကြိုးစားလာသည်။
“သခင်လေး ရီ၊ ဒီနေ့ တစ်ခုခုများ ဖြစ်နေသလိုပဲနော်”
ရီဝမ်ဝမ်၊ မျက်ခုံးနှစ်ဖက်ကြား လက်ဖြင့် ဖိနှိပ်လိုက်ရင်း၊ ငြင်းဆန်လာခြင်းမရှိ။ “ဟုတ်တယ်၊ အ၇မ်းကို ဖြစ်နေတာဗျ”
အတွင်းရေးမှူးမလေး မျက်တောင်တို့ မှိတ်ခတ်မှိတ်ခတ်လုပ်လာတော့ချေပြီ။
“ဘာဖြစ်လို့လဲ။ တစ်ခုခုများ ဖြစ်ခဲ့လို့လား”
ဒါက ဥက္ကဌ….ထပ် စိတ်ကောက်နေတာများ ဖြစ်နိုင်မလား ။
အတွင်းရေးမှူးမလေး၊ သူမနံဘေးဆီက မင်သက်စရာကောင်းလှသည့် လူငယ်လေးဆီကနေ သက်ပြင်းချသံကို ကြားလိုက်ရမိပြီး ၊ နောက်။
“မင်းတို့ရဲ့သူဌေးက အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတယ်….”
အတွင်းရေးမှူးမလေး။ “….” ဟမ် ???
ဘာလို့များ ဒီအသံက….ချစ်သူကောင်မလေးက အရမ်းလှလွန်းနေလို့ သောကရောက်နေရတဲ့သူရဲ့အသံလိုမျိုး သွားဆင်နေရတာလဲ….