3

5.9K 663 31
                                    

(zawgyi)

__________________________

အခန်းထဲက ရေဘူး ကုန်သွားတာမို့ ရေထည့်ဖို့ ထွက်လာလိုက်သည်..ရေထည့်ပီး ပြန်အလာ ရိပေါ် ရှောင်ကျန့်နှင့်တည့်တည့်တိုးကာ ဝင်တိုက်မိသည်...

"အ! အစ်ကို ဆောရီး "

"ရတယ် ရိပေါ်"

"အစ်ကို အိပ်မပျော်လို့လား... ခြံထဲ စကားဆင်းပြောကြမလား "

"အင်း မဆိုးပါဘူး"

ရိပေါ်နဲ့ရှောင်ကျန့်နဲ့က အရင်ကထက်ပိုပြီး စကားပြောဖြစ်လာသည်..မနက်စာ အတူစားဖြစ်တာမျိုး TV အတူကြည့်တာမျိုး.. ညဘက် စကားစမြည်ပြောဖြစ်တာမျိုး လုပ်ဖြစ်လာကြသည်....

လသာတဲ့ ညဘက်ဖြစ်နေတာကြောင့် ထိန်လင်းနေတဲ့ လအရောင်က ခြံဝင်းတစ်ခုလုံး ကျရောက်နေသည်..သူ ဒန်းပေါ်ထိုင်လိုက်တော့ ရှောင်ကျန့်လဲ လိုက်ထိုင်ကာ မှီရင်း မျက်စိကို မှိတ်ထားသည်.. သူတ်ု့နှစ်ယောက်ကြား တိတ်ဆိတ်မှုက နေရာယူလျက်..
ရိပေါ် ရှောင်ကျန့်ဘက်ကို အသာကြည့်ရင်း ပြုံးမိသည်..

ဒ်ီအစ်ကိုက တကယ်ချောတာပဲ...
ရိပေါ်မျက်လုံးတွေရဲ့ သူ့အပော် စူးစိုက်ကြည့်တတ်တဲ့ ရှောင်ကျန့်မျက်ဝန်းတွေကို အကြည့်အရင်ရောက်သွားသည်..နောက် နှာတံစင်းစင်းလေး.. အဲ့ဒီနှာတံလေးကို လက်မနဲံလက်ညိုးလေးနဲ့အသာညှပ်ကြည့်ချင်စိတ် ပေါ်လာသည်..

အဲ့လိုလုပ်ရင် အစ်ကို စိတ်ဆိုးမလားမသိဘူး
ထားပါလေ..
အဲ့ဒီနောက် သူ့အကြည့်တွေက ရှောင်ကျန့်ရဲ့
နှုတ်ခမ်းလေးကိုရောက်သွားပြန်သည်..
နှုတ်ခမ်းအောက်က မှဲ့လေး...လှလိုက်တာ
သူကျ ဘာလ်ု့အဲ့လ်ုမှဲ့မပါရတာလဲ !!!!

ကြည့်ရင်းကြည့်ရင်း သူ ထိုမှဲ့လေးကို ထိတွေ့ချင်စိတ် တအားကိုပေါ်လာသည်..
ထိလိုက်ရင်ကောင်းမလား
အစ်ကို အိပ်ပျော်နေတာလား!!ထိရင် အစ်ကို စိတ်ဆိုးမှာလား...
ဘယ်လိုလုပ်ရမလဲ ><

သူ ဒွိဟဖြစ်နေတုန်းမှာပဲ အစ်ကို မျက်လုံးဖွင့်လာသည်..

"အစ်ကို စိတ်ညစ်စရာရှိလို့လဲ"

"စိတ်ညစ်စရာတော့မဟုတ်ပါဘူး.. ဒီလိုပဲ စိတ်ပင်ပန်းစရာနည်းနည်းရှိတာတွေပါကွာ"

AFFECTION (Hiatus)Where stories live. Discover now