4

5.5K 660 41
                                    

Zawgyi

တိတ်ဆိတ်နေတဲ့ ဧည့်ခန်းကြီးထဲမှာ ကောင်လေး ၃ယောက် ထိုင်နေလေသည်..
ထိုအထဲမှာမှ တစ်ယောက်ကတော့ သူ့အပြစ်နဲ့သူမို့ ငြိမ်ကုတ်နေသည်မှာ သူမဟုတ်သည့်အလားပင်...
ရှောင်းကျန့်ကတော့ မျက်နှာကြီးနီရဲနေကာ ဒေါသကို အတော်ထိန်းထားရပုံမို့ ယွိပင်း တဖြည်းဖြည်းလန့်လန့်လာရသည်...

"ရိပေါ် မင်းလုပ်တာ"

"ဟေ့ကောင် မင်းလဲပါတာပဲ"

ထိုင်ခုံပေါ်မှာ ထိုင်ကာ ရိပေါ်ကို လက်မောင်းနဲ့တွန်းထိုးရင်း ငြင်းခုံနေကြတော့ ရှောင်းကျန့်မျက်စောင်းတွေက သူတို့နှစ်ယောက်ဆီိကြည့်ကာ နောက်ဖေးခဏ ထသွားသည်..

"ဟေ့ကောင် ရှောင်းကျန့်ကော မင်းကို ဘာလုပ်မလဲမသိဘူး"

"အစ်ကို ဘာမှမလုပ်လောက်ပါဘူး မသကာ အိမ်ပေါ်ကနှင်ချရုံပဲပေါ့"

ရိပေါ်က မဲ့ရွဲ့ပီးပြောပေမဲ့ ယွီပင်းကတော့ ခပ်ဟဟ ရယ်လေသည်..
သူက ရိပေါ်ရဲ့ငယ်သူငယ်ချင်းမို့ ရိပေါ်အကြောင်းအသိဆုံးပင်.. ဒီကောင် ရှောင်းကျန့်ကော နှင်ချရင်တောင် ဆင်းမဲ့သူစားမျိုးမဟုတ်ဆိုတာ သူသိသည်..

ငယ်ငယ်တည်းက မျက်နှာကြောတင်းတင်းနဲ့နေလာတဲ့ ရိပေါ်က ခင်တဲ့သူ ချစ်တဲ့သူနဲ့တွေ့ရင် ဖားပျံလေးလို အတင်းလိုက်ကပ်တတ်သည်.. ယွီပင်းကိုဆို အမြဲ အပူကပ်တတ်တဲ့သူမျိုး.. လူမမြင်ကွယ်ရာမှာဆို ကလေးလေးလို ဖြစ်သွားတတ်ပေမဲ့ လူအများရှေ့ဆို မျက်နှာက တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ရုပ်ပင်..

ရိပေါ်ကို ချစ်ကြောင်းကြိုက်ကြောင်းလာပြောတဲ့ မိန်းမ ယောကျာ်းအကုန်ကို ဘုကလန့် ဘောက်ဆတ်ဆတ်ပြန်ပြောလို့ ချောင်းအရိုက်မခံရရုံတမယ်ပါပဲ..
ရှောင်းကျန့်ကောနဲ့ကျမှ အချိုးနည်းနည်းပြောင်းလာတာကို သူခံစားရတာမို့ ယွီပင်းတစ်ယောက်ကတော့ သူ့သူငယ်ချင်းလေး စွံမယ့်အရေး တွေးတွေးပီး ဝမ်းသာ ပီတိ ဂွမ်းဆီထိနေသလိုပါပဲ...

ရိပေါ်စွံမှ သူအေးဆေးနေရမည်ကို ><

"ရိပေါ်! ညီ... အစ်ကို့စည်းကမ်းတွေကို လိုက်နာရတာ
တအားခက်ခဲနေလား?"

AFFECTION (Hiatus)Where stories live. Discover now