စာစဉ် ၁၅ ( ၅ + ၆ )
9.9K 1K 13
Book.              :   15
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၅။ နည်းနည်းတော့ များသွားပြီ
ရီဝမ်ဝမ်၊ စီရီဟန်ဆီ တိုက်ရိုက်ကြီး ပုံကို ပို့ပေးလိုက်ရင်း စကားပြောလာပါ၏။
ပုံထဲတွင်ကား၊ ၁၉၈၀ ခုနှစ်ဝတ် အလွန်ဒိတ်အောက်နေသည့် အနီကွက်ကျား ရှပ်အကျီင်္ကြီးကို ၀တ်ဆင်ထားသည့် လူရွှင်တော် တစ်ယောက် ။ သူသည် အစိမ်းရောင်ဘောင်းဘီကြီးကို ၀တ်ဆင်
ထားလျက်၊ မျက်နှာတွင်လည်း အနက်ရောင်မျက်မှန်အထူကြီးကို တပ်ဆင်ထားလေသည်။ သူ့ထံတွင် အလွန်တရာနေလောင်နေသည့် အသားအရေရှိပြီး သွားသည်ကား မညီမညာ ခေါထွက်လို့နေချေကာ၊ ခေါင်းသည်ကား ဦးပြည်းခေါင်းတုံးကြီး ဖြစ်လို့နေ၏။
သူ့ရဲ့အသွင်အပြင်ကား စကားလုံးအနည်းငယ်ဖြင့် ဖော်စွမ်းဖို့ရာ အင်မတန်မှ ခက်ခဲလွန်းလှချေသည်။
ရီဝမ်ဝမ်၊ စိတ်လှုပ်ရှားစွာဖြင့် မေးလာသည်။
“ဘယ်လိုထင်လဲ။ အရမ်းကို စိတ်မချရဘူးလား၊ ဟမ်”
စိတ်ချရတာထက်တောင်မှ ပိုသေးသည်ပင် - သင်သည် သူ့အား မိန်းကလေးတွေရဲ့တံခါးဝရှေ့ ပို့ထားပေးမည်ဆိုလျှင်တောင်မှ မည်သူကမှ သူ့အား လိုချင်ကြလိမ့်မည်မဟုတ်ပါချေ။
ပြီးပြည့်စုံလွန်းလှချေသည် !
ဒ့ါအပြင်၊ သူ ဘယ်သူ ဆိုသည်ကိုပင် မည်သူကမျှ မှတ်မိကြလိမ့်မည် မဟုတ်ပါချေ။
ပုံကို ကြည့်ပြီးသည့်နောက် စီရီဟန်၏အမူအရာ။ “…”
ချက်ဆို နားခွက်က မီးတောက်သည့် ရီဝမ်ဝမ်။ မင်သက်ရှုမောစရာကောင်းလှသည့် စီရီဟန်သည် ဒီလိုလူအဖြစ် အသွင်ပြောင်းပေးဖို့ရာကား အတော်လေးခက်ခဲလှသည်ဆိုတာကို ခံစားမိလိုက်တော့ချေသည်။ ထို့ကြောင့်၊ သူမလေး လျှော့လျှော့ပေါ့ပေါ့ ညှိုနှိုင်းပေးလာတော့သည်တည့်။
*အဟမ်း*  “ရှင့်မှာ ဆံပင်ရှိလည်း ရပါတယ်….”
“အနီရောင်ကွက်ကျားနဲ့အကျီင်္ကြီးက အရမ်းကို ကြောင်တောင်တောင် နိုင်တယ်လို့ ရှင် ထင်နေရင်လည်း ကျွန်မ ရှင့်ကို အစိမ်းရောင်အင်္ကျီ ပြောင်းဝတ်ခွင့်ပေးလို့ရတယ်”