စာစဉ် ၁၅ ( ၇ + ၈ )
10K 1.1K 5
Book.              :   15
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၅၊ အခန်း ၇။ အခု ပျော်ပြီလား
ငါ မိန်းကလေး မဟုတ်ဘူးဆိုရင် ?
သောက်ကျိုးနဲ၊ ငါက မိန်းကလေး ဟုတ်တယ်ဟ။
မိန်းကလေးမှ ယောကျာ်းတွေကိုကြိုက်တဲ့ မိန်းကလေးစစ်စစ်ကြီး၊ ဟုတ်ပီလား ။
ဒါပေမယ့်၊ ပြသနာက ငါ မိန်းကလေးတစ်ယောက်ပါဆိုတာကို တခြားသူတွေ သိသွားကြလို့ရှိရင် ငါ စီရီဟန်နဲ့ စာချုပ်ဖောက်ဖျက် မိတဲ့အပေါ် ဘယ်လိုဖြေရှင်းရတော့မလဲဆိုတာပဲ။
သိုးငယ်လေး လျိုချန်းနဲ့စာရင်၊ မကောင်းဆိုးဝါးကြီးက ပိုပြီးဆူးများတဲ့ပြသနာဆိုတာက အသိသာကြီး…..
ဒီတော့ ငါ့ရဲ့ရုပ်အစစ်ကို ဘယ်တော့မှ မပေါက်ကြားစေရဘူး။
ငါ လျိုချန်းကို ရှင်းပြဖို့ နောက်ထပ်တစ်နည်းကို စဉ်းစားမှဖြစ်မယ်….
ဟန်ရှန်းယွီ၊ ကူညီချင်ပါသော်ငြားလည်း၊ သူ့ရဲ့လက်တို့မှာ ချည်နှောင် ခံထားရချေပြီးမို့။ ဒီတော့၊ သူ့ရဲ့ဘီယာဘူးတို့ ကောက်လိုက်ပြီး ထွက်သွားတော့သည်တည့်။ သူ မထွက်သွားခင်၊ စဉ်းစားဥာဏ်ရှိစွာဖြင့် ထိုလက်တို့နှင့် တံခါးအား ကူပိတ်သွားခဲ့ချေသည်။
တိုက်ခန်းအတွင်းတွင်မူ၊ ရီဝမ်ဝမ်၊ စီရီဟန်ထံ
ဒေါသအကြည့်တစ်ချက် ပစ်လွှတ်လိုက်ချေပြီး။
“ရှင် အခု ပျော်သွားပြီ”
ငါ့မှာ တန်ဖိုးအကြီးကြီး ပေးလိုက်ရပြီ….
စီရီဟန်၏ပိန်သွယ်ရှည်လျားသည့် ခန္ဓာကိုယ်သည် ဆိုဖာပေါ် ထိုင်ချလာပြီး၊ သူ့ရဲ့နက်ရှိုင်းပြီး ထိုးဖောက်မစွမ်းနိုင်သော မျက်လုံးတို့သည်ကား သူမအား ကြည့်လာကာ။
“ရုပ်ဆိုးတာကို ကိုယ် မှုမယ်လို့ မင်း ထင်နေတာလား”
ထိုမျက်ဝန်းတို့ဖြင့် စူးစိုက်ကြည့်ခံလိုက်ရရာ၊ ရီဝမ်ဝမ်၊
သတိကြီးကြီးထားလို့ မေးလာပါ၏။ “ဒါဆို…ဘာများရှိသေးလို့လဲ”